Search This Blog

Monday, March 4, 2013

Back Drop, Tumbling Bay နဲ့ Vortex Drop လို့ခေါ်ကြတဲ့မြေအောက်က ရေဆိုးထုတ်စနစ်သုံးလုပ်ငန်းများ

Back Drop၊ Tumbling Bay နဲ့ Vortex Drop တို့အား Drop Structure တွေအဖြစ်ရေဆိုးစွန့်ထုတ်လုပ်ငန်းတွေမှာ အသုံးပြုကြပြီးတော့ PUB လို့အတိုကောက်ခေါ်ကြတဲ့ Public Utilities Board အဖွဲ့ရဲ့သတ်မှတ်ချက်တွေအတိုင်း
လုပ်ဆောင်ရပါတယ်။ အဲဒါတွေကတော့ Incoming Sewer Line တွေဟာ Receiving Sewer Line တွေထက် 1.5M အမြင့်မှာရှိနေမယ်ဆိုရင် Back Drop Connection ကိုတည်ဆောက်ရပါတယ်။ နောက်တခုကတော့ Incoming Sewer Line တွေဟာ Receiving Sewer Line တွေထက် 1.5M ထက်နိမ့်တဲ့နေရာတွေမှာ Tumbling Bay Connection ကိုအသုံးပြုကြပါတယ်။ နောက်ဆုံး Incoming နဲ့ Outgoing Sewer Line ရဲ့အနိမ့်မြင့် 6M ထက်ပိုတဲ့နေရာတွေမှာတော့ Vortex Drop ကိုထားရှိပေးရပြီး Sewer Line Diameter 450mm ထက်ပိုကြီးသောနေရာတချို့မှာလည်းအသုံးပြုတာတွေ့ရပါတယ်။

 
 
Back Drop နဲ့ Tumbling Bay တို့ရဲ့အသေးစိတ်ပုံတွေဖြစ်ပါတယ်။ 




H2S လို့ခေါ်ကြတဲ့ Hydrogen Sulfide ဓာတုပစ္စည်းများဟာ ရေဆိုးထုတ်စနစ်လုပ်ငန်းအတွင်းရှိ Infrastructure တွေဖြစ်ကြတဲ့ Sewerage Line နဲ့ Sewerage Manhole တွေကိုအလွယ်တကူတိုက်စား ပျက်စီးစေပြီးတော့ဆိုးရွားတဲ့အနံ့အသက်ပြဿနာများအား ဖြစ်ပေါ်စေနိုင်ပါတယ်။ H2S အဓိကထွက်ပေါ်လာရတဲ့နေရာတွေကတော့ Drop Structure တွေဖြစ်ကြတဲ့ Interceptor Drop Maintenance Holes, Force Main Discharges, Joint Structures နဲ့ Sewer Pumping Station တွေမှာရှိကြတဲ့ Wet Well Drops  တွေမှာဖြစ်ပါတယ်။ အဲဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် Vortex Drop Structure လို့ခေါ်ကြတဲ့ ဝဲကတော့ပုံစံရှိ Structure ဖြင့်ရေဆိုးစီးဆင်းမှုကောင်းစေရန်ပြုလုပ်ပြီး စီးဆင်းမှုအရှိန်အားထိန်းသိမ်းထားနိုင်ခြင်း၊ ရေဆိုးစီးဆင်းမှုအား လေသလပ်ခံပေးနိုင်ခြင်း၊ အနံ့အသက်ဆိုးထွက်ပေါ်မှုအား ထိန်းချုပ်နိုင်ခြင်း၊ H2S ပမာဏအား လျှော့ချနိုင်ခြင်း၊ Drop Structure အားတိုက်စားပျက်စီးစေခြင်း တို့အားကာကွယ်ရန်အတွက်တည်ဆောက်လာကြပါတယ်။ ဒါ့အပြင် ဆိုးရွားတဲ့အနံ့အသက်တွေကို လျှော့ပါးအောင်ထိန်းချုပ်တဲ့ ဓာတုပစ္စည်းသုံးစွဲရာတွင်ကုန်ကျစရိတ်သိသိသာသာ နည်းပါးလာခြင်းနဲ့ Drop Structure တွေကိုပြုပြင်ထိန်းသိမ်းစောင့်ရှောက်စရာမလိုအပ်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။



များသောအားဖြင့် Sewer Drop တွဟာပုံမှန်မဟုတ်တဲ့စီးဆင်းမှုနှုန်းဖြင့် H2S ဓာတ်ငွေ့အားထုတ်လွှတ်ပြီး Drop Structure များအားလျှင်မြန်စွာပျက်စီးတိုက်စားစေပြီး Cast Iron Pipe, VC Clay Pipe, Concrete Pipe နဲ့ Rehabilitation ပြန်လုပ်ထားတဲ့ CIPP, EX-lining နဲ့ SPR အမျိုးစားပိုက်တွေကိုလည်း အလွယ်တကူပျက်စီးစေပါတယ်။ Vortex Drop Structure တွေကိုအသုံးပြုခြင်းအားဖြင့် ရေဆိုးအတွင်းပျော်ဝင်နေသော Sulfides ဓာတုပစ္စည်းနည်းပါးစေပြီး ရေဆိုးစီးဆင်းမှုအရှိန်အားပိုမိုစေကာ လေထုနဲ့ထိတွေ့လေသလပ်ခံပြီး ပိုက်လိုင်းအတွင်းသို့ Oxygen ပျော်ဝင်ရောက်ရှိစေပါတယ်။ 



တကယ့်လက်တွေ့အခြေနေတွေမှာတော့ H2S တွေဟာပိုက်လိုင်းအတွင်းမှာပျော်ဝင်ပြီး ထွက်ပေါ်လာတဲ့ပမာဏထက်စာရင် Sewerage Drop Structure တွေရှိတဲ့နေရာတွေမှာသာ အဓိကထွက်ပေါ်လေ့ရှိပြီး ပတ်ဝန်းကျင်အနီးရှိလူနေအိမ်များဆီသို့ ဆိုးရွားတဲ့အနံသက်များ ဝင်ရောက်လေ့ရှိပါတယ်။







 Vortex Drop Structure ရဲ့ Upstream နဲ့ Downstream မှာ H2S ပျော်ဝင်နေမှုတိုင်းတာတဲ့ပုံဖြစ်ပါတယ်။




 Vortex Drop Structure ရဲ့ Upstream နဲ့ Downstream မှာ H2S ပျော်ဝင်နေမှု Graph ပုံဖြစ်ပါတယ်။



  Vortex Drop Structure ရဲ့ Upstream နဲ့ Downstream မှာ H2S ပျော်ဝင်နေမှုလျှော့နည်းသွားခြင်းအား တိုင်းတာတဲ့ပုံဖြစ်ပါတယ်။




 Vortex Drop Structure ရဲ့ Upstream နဲ့ Downstream မှာ H2S ပျော်ဝင်နေမှုလျှော့နည်းသွားခြင်းပြ Graph ပုံဖြစ်ပါတယ်။





Vortex Drop Structure ရဲ့အသေးစိတ် တခုခြင်းစီ အလုပ်လုပ်ပုံ အနေထားပြ ပုံဖြစ်ပါတယ်။ 


  မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသောရေစီကြောင်းသဘောအရ Drop Structure တွေရဲ့ Upstream အပိုင်းတွင် ရေဆိုးစီးဆင်းမှု အရှိန်ဟုန်အား လျှော့ချနိုင်ရန် Vertical Drop Structure အားဖန်တီးပြီး အဲဒီအပေါ်မှ ရေစီးဆင်းမှုနှုန်းအား ဝဲကတော့ပုံစံအဖြစ် Circular Shaped Chamber အတွင်းကျရောက်သည့်စနစ်ဖြစ်ပါတယ်။  ဒီစနစ်ရဲ့ကောင်းတဲ့အချက်တစ်ခုကတော့ Influent Line လို့ခေါ်ကြတဲ့ ပိုက်လိုင်းအဝင်ပေါက်ရှိ ရေစီးကြောင်းအထက်ပိုင်းမှလာတဲ့ရေဆိုးအတွင်းပျော်ဝင်နေတဲ့ H2S တွေဟာ Drop Structure အဖြစ်ပြောင်းလဲထားသော ဝဲကတော့ပုံရှိ Vortex Shaft အတွင်းအရှိန်ဟုန်ပြင်းထန်တဲ့ရေစီးဆင်းနှုန်းထားဖြင့်ကျရောက်ကာ လေထုအထဲမှ Oxygen ဖြင့်ထိတွေ့စေခြင်းဖြင့် အတော်အသင့် Treatment လုပ်ပြီးသားအနေထားဖြင့် Effluent Line လို့ခေါ်ကြတဲ့ထွက်ပေါက်ကနေတဆင့် ဆက်လက်စီးဆင်းသွားပါတယ်။




တဖြည်းဖြည်းချင်း Radius သေးငယ်သွားသော Vortex Channel အတွင်းရှိဝဲကတော့ပုံရေစီးဆင်းမှုပမာဏအား ပိုမိုမြန်ဆန်စွာနဲ့လှည့်ပတ်ကာအောက်ခြေရှိ Vortex Shaft Base သိုရောက်ရှိလာပါတယ်။ အရှိန်ဟုန်ပြင်းပြင်းနဲ့စီးဆင်းလာတဲ့ရေစီးကြောင်းဟာ Sewer Drop Structure အတွင်းတည်ဆောက်ထားသော Top Cut လို့ခေါ်တဲ့ ရေဆင်းလမ်းကြောင်းမှတဆင့် လမ်းကြောင်းပြောင်းလဲကာ Diameter သေးငယ်သွားသော Vortex Shaft အတွင်းသို့ ကျရောက်စီးဆင်းစေပါတယ်။


ဝဲကတော့ပုံစံလှည့်ပတ်စီးဆင်းနေသောရေစီးကြောင်းဟာ Field of Gravity နဲ့ Centrifugal Forces တွေဖြစ်တဲ့ ဆွဲငင်ခွဲထွက်အားတွေနဲ့ပေါင်းစပ်ကြပါတယ်။ အဲဒီနောက်မှာ ရေစီးမှုပုံစံဟာ သိသိသာသာကျဉ်းမြောင်းသွားသော Diameter အတွင်းရှိ Vortex Shaft နှင့် အရှိန်ပြင်းထန်လာသော Centrifugal Forces ကြောင့် Vortex Shaft မျက်နှာပြင်ဖြင့်ထိတွေ့ခြင်းကြောင့်ဖြစ်ပေါ်လာသော Stable Air Core တည်ငြိမ်သောလေထုပမာဏပါဝင်သော ရေဆိုးအဖြစ်ဆက်လက်တည်ရှိစေပါတယ်



Vortex Shaft အတွင်းပိုင်းတွင် ရေစီးကြောင်းနှင့်အတူပါလာသောလေထုဟာ ဝဲကတော့ပုံရေဆင်းလမ်းကြောင်းအထက်ပိုင်းတွင် Negative Air Pressure ကိုဖြစ်ပေါ်စေပါတယ်။ အဲဒီဟာရဲ့နောက်ဆက်တွဲအနေနဲ့ H2S ဓာတ်ငွေ့များဟာအထက်ပိုင်းရှိ Vortex Form ဆီသို့ရောက်ရှိလာခြင်းအား ကောင်းစွာကာကွယ်ပေးပြီး ရေစီးကြောင်းအတွင်းပျော်ဝင်စီးဆင်းစေပါတယ်။ အောက်ခြေပိုင်းရှိ ရေစီးကြောင်းအတွင်းနစ်မြုပ်နေ
သော Vortex Shaft အပိုင်းတွင်ပြင်းထန်သောအရှိန်ဟုန်နဲ့ လေထုဖြင့်ထိတွေ့လေသလပ်ခံခြင်း၊ အချင်းချင်းပွတ်တိုက်ကာ ရေစီးမှုအားလျော့နည်းပျံ့နှံ့စေခြင်းများ ဖြစ်ပေါ်ကာ Effluent Line လို့ခေါ်ကြတဲ့ထွက်ပေါက်ကနေတဆင့် ဆက်လက်စီးဆင်းသွားပါတယ်။




 Vortex Shaft တပ်ဆင်ပြီးသား Sewer Drop ရဲ့ပုံဖြစ်ပါတယ်။ 



 Base Slab အား Drop Structure တည်ဆောက်မှုအနေထား တခုဖြစ်ပါတယ်။








Vortex-forming အနေနဲ့အသုံးပြုတဲ့ PVC Fabrication အား Concrete Slab အပေါ်တပ်ဆင်ထားတဲ့ ပုံဖြစ်ပါတယ်။






Top Slab၊ Adjacent Ring နဲ့ Manhole Cover အဖုံးပိတ်တို့အား စနစ်တကျတပ်ဆင်နေတဲ့ ပုံဖြစ်ပါတယ်။


ပုံမှာပြထားတဲ့အတိုင်း 600mm ရှိတဲ့ High Density Polyethylene (HDPE) အမျိုးစား Vortex Shaft အားတည်ဆောက်ထားခြင်းဖြင့် Drop Structure များအား ပိုမိုကောင်းမွန်ပြီး သက်တမ်းရှည်ကြာစွာအသုံးပြုနိုင်စေပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ရေဆိုးထုတ်စနစ်အား Bypass လမ်းလွှဲပေးရခြင်းအားရှောင်လွှဲနိုင်ရန်အတွက် Vortex Form နဲ့ Entrance Flume အားကြိုတင်တည်ဆောက်ပြီး 10mm အထူရှိသော PVC Sheets အားအသုံးပြုပါတယ်။ အဲဒီနောက်မှာတော့ Concrete Base Slab၊ Concrete Box နဲ့ Vortex အပေါ်တွင်ပိတ်ထားရန်Top Slab တို့အားကြိုတင်တည်ဆောက်ထားရပါမယ်။ Effluent Pipe ဖြစ်သောရေဆိုးထွက်ပေါက်နေရာအား သဲအိပ်ဖြင့်ပိတ်ကာ Aluminum Frame အား Manhole ရဲ့အောက်ခြေတွင် တပ်ဆင်ကာ Main Interceptor နဲ့ Lateral Flow များဖြစ်ကြသော ရေဆိုးဝင်ပေါက်များအား ယာယီပိတ်ကာ Bypass လုပ်ပေးရပါမယ်။ သဲအိပ်ဖြင့်ပိတ်ထားသော ထွက်ပေါက်အားပြန်ဖွင့်ပေးကာ Vortex Shaft အား Frame နဲ့တကွတပ်ဆင်ကာ Manhole Wall အပေါ်တွင် Aluminum Anchors ဖြင့်စွဲပေးရပါမယ်။ Concrete Slab အား Vortex Shaft အပေါ်တွင် နေရာတကျတပ်ဆင်ပြီး Vortex-forming အနေနဲ့အသုံးပြုတဲ့ PVC Fabrication အား Concrete Slab အပေါ်တွင်နေရာချပေးရပါမယ်။ အဲဒီနောက်မှာတော့ Cylindrical Parts များအား Vortex Shaft Collar အောက်တွင် ရေလုံအောင်သေချာစွာပိတ်ကာ နေရာတကျတပ်ဆင်ပေးရပါတယ်။ Base Slab နဲ့ Concrete Box တို့အား သေချာစွာနေရာချပေးပြီးပါက PVC Fabrication အပိုင်းအား Grouting လုပ်ပေးရပါမယ်။ နောက်ဆုံးပိတ်အနေနဲ့တော့ Top Slab၊ Adjacent Ring နဲ့ Manhole Cover အဖုံးပိတ်တို့အား စနစ်တကျတပ်ဆင်ပေးရန်ဖြစ်ပါတယ်။ 


အဲဒီစနစ်ရဲ့အားသာချက်တွေကတော့

၁။ အနံ့အသက်ဆိုးရွားတဲ့ ဓာတ်ငွေ့များထွက်ပေါ်လာခြင်းအား တားဆီးပိတ်ပင်ထားနိုင်ခြင်း

၂။ Drop Structure နဲ့ Pipe Line အတွင်းသို့ H2S ဓာတ်ငွေ့ကြောင့်လျင်လျင်မြန်မြန်ပျက်စီးယိုယွင်းခြင်းအား ကာကွယ်ပေးခြင်း

၃။ ရေဆိုးစီးဆင်းမှုလမ်းကြောင်းအတွင်းသို့ Aeration ဟုခေါ်သောလေသလပ်ခံပြီး လေထုဖြင့်ထိတွေ့ပေးခြင်း

၎။ ရေစီးဆင်းမှုကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်အားပျံ့နှံ့အားပျော့သွားစေပြီး Drop Structure များအားပွတ်တိုက်ပျက်စီးခြင်းမှကာကွယ်ပေးခြင်း

၅။ Oxygen ဓာတ်ရေဆိုးအတွင်းပျော်ဝင်ပျံ့နှံ့အားကောင်းစေပြီး Sulfides ပျော်ဝင်နေသောအခြေနေအား Oxidation ဖြစ်ပေါ်လာစေခြင်း

၆။ ရေစီးဆင်းမှုပုံစံအား ပုံသေစီးဆင်းမှုနှုန်းထားဖြင့် ထိန်းချုပ်ထားနိုင်ခြင်း

၇။ အနံ့အသက်ဆိုးအား ပြန်လည်ပြုပြင်သန့်စင်ပေးရသော Air Treatment လုပ်ရန်မလိုအပ်ခြင်း
 
၈။ Existing Drop Structure များအား သိသိသာသာကာင်းမွန်လာစေတဲ့ ပြန်လည်ပြုပြင်ပေးသောစနစ်ကောင်းဖြစ်ခြင်း တို့ဖြစ်ကြပါတယ်။