Search This Blog

Tuesday, January 4, 2011

Aluminium Window အကြောင်းလေ့လာရအောင်


Main Components of Window System


ပြတင်းပေါက်တပ်ဆင်ရာမှာ အဓိကပါဝင်တဲ့ပစ္စည်းတွေကတော့ ပြတင်းဘောင် Window Frame, ပြတင်းမှန် Glazing, ပြတင်းဘောင်ထိန်းသံပြား Metal Lugs, Straps and Brackets, Operating & Bearing Devices, Fasteners and Fixings, Setting Blocks, Gaskets, Sealant, Protective Material အစရှိသဖြင့် ပါဝင်ပါတယ်။

Extruded Aluminium Members တွေကိုတော့ Treated Alloy 6063T4 6063T5 ဖြင့် BS EN 755 အတိုင်းထုတ်လုပ်ရပါမယ်။ Aluminium Frame Finishes အမျိုးစားတွေကတော့ Anodic Coating ဖြစ်ပြီး အနည်းဆုံး 25 Microns နဲ့ BS 3987 အတိုင်းထုတ်လုပ်ပါတယ်။

နောက်တစ်ခုကတော့ Liquid Organic Coating ဖြစ်ပြီး AAMA 2605 ကိုလိုက်နာပြီး Powder Organic Coating မှာတော့ BS 6496 ဒါမှမဟုတ် AAMA 2604 အတိုင်းထုတ်လုပ်ပါတယ်။ Combined Coating ကတော့ JIS H8602 အတိုင်းလိုက်နာပြီး Anodic Coating အတွက်အနည်းဆုံး 9 Microns ရှိရမှာဖြစ်ပြီး Liquid Organic Coating အတွက်တော့ 7 Microns အနည်းဆုံးရှိရပါမယ်။




ပြတင်းပေါက်မှန်တွေရဲ့ အရည်သွေးနဲ့အမျိုးစားType and Quality of Glass ဟာ BS 952: Parts 1 and 2 ကိုလိုက်နာရမှာဖြစ်ပြီး Laminated Glass ကတော့ SS 341 အတိုင်းထုတ်လုပ်ပြီး Heat Strengthened Glass ကြတော့ SS 341 အပေါ်မှာအခြေခံပါတယ်။ Toughened Glass အမျိုးစားကတော့ SS 341 နဲ့ Insulated Glaze ကြတော့ BS 5713 ကိုလိုက်နာပြီး ထုတ်လုပ်ပါတယ်။ နောက်အမျိုးစားတစ်ခုကတော့ Glass With Low Emissivity Coating ဖြစ်ပါတယ်။







Metal Lugs, Straps, Brackets and Anchor Bolts ပုံဖြစ်ပြီး အသုံးပြုတဲ့ပစ္စည်းအမျိုးစားတွေကတော့ Stainless Steel ဟာ BS EN 10088 ဖြစ်ပြီး Aluminium မှာတော့ BS EN 755 ကိုလိုက်ပြီး ထုတ်လုပ်ပါတယ်။ Zinc Plating and Passivating တွေကတော့ အနည်းဆုံး Zn 3 နဲ့ BS 1706 ကိုလိုက်ပြီး Chromate Passivation ကြတော့ BS 6338 အရ Class 2C and 2D ဆိုပြီးရှိပါတယ်။ Hot Dip Galvanizing တွေမှာတော့ SS 117 အရအနည်းဆုံး 460g/m2 ရှိရမှာဖြစ်ပြီး Sprayed Zinc Coating ကြတော့ BS EN 22063 ကိုလိုက်ပြီးထုတ်လုပ်ပါတယ်။ Electro-galvanizing Lead နဲ့ Chromate Free Primer တွေမှာတော့ SS 494 အတိုင်းထုတ်လုပ်လေ့ရှိပါတယ်။






Operating and Bearing Devices တွေဖြစ်တဲ့ Hinges, Geometry Stays, Pivots, Skids, Rollers, Stoppers, Handles အစရှိတဲ့အရာများ ပါဝင်ပါတယ်။ Geometry Stay ကတော့ BS 7479 ဒါမှမဟုတ် ISO 9227 ကိုလိုက်ပြီး Stainless Steel Type 304 မှာတော့ BS EN 10088 ကိုအခြေခံပြီး ထုတ်လုပ်ပါတယ်။ Zinc Die-casting Alloy A ကတော့ BS 1004 နဲ့ Nickel Chromium Plate မှာတော့ BS EN 12540 ဖြစ်ပြီး Liquid or Powder Organic Coated Finish တွေကြတော့ BS 6496 ကိုလိုက်ပြီး ထုတ်လုပ်ပါတယ်။ Steel Finish တွေကတော့ အနည်းဆုံး Zn 3 နဲ့ BS 1706 ကိုလိုက်ပြီး Chromate Passivation ကြတော့ BS 6338 ကိုလိုက်ပြီး ထုတ်လုပ်ပါတယ်။ Friction Stays တွေမှာတော့ Stainless Steel Type 304 ဖြစ်ပြီး BS EN 10088 ကိုအခြေခံပြီး Endurance Test SS 212 ကိုစမ်းသပ်နိုင်ပါတယ်။








Stainless Steel Type 304 ဖြစ်ပြီး BS EN 10088 ကိုလိုက်ပြီးထုတ်လုပ်ရပါမယ်။








Setting Blocks တွေကိုတော့ Silicone Rubber, Neoprene EPDM Rubber (Ethylene Propylene Diene Monomer) တွေသုံးပြီး သင့်လျော်တဲ့ မာကြောမှုနဲ့ Compression Set အားခံနိုင်ရည်ရှိရပါမယ်။






Gasket ကိုတော့ Neoprene ဒါမှမဟုတ် EPDM တွေကိုအသုံးပြုလေ့ရှိပြီး Aluminium Finishes, Glass, Glazing Materials တွေနဲ့သင့်တော်တဲ့ အနေထားရှိရပါမယ်။ Gasket တွေကို ASTM C 509 နဲ့ C 864 အတိုင်းစမ်းသပ်ရပါမယ်။






Sealant နဲ့ Substrate တွေကိုသေချာစွာလေ့လာပြီး Sealant ကိုတော့ ASTM C 920 အတိုင်းစမ်းသပ်နိုင်ပြီး တပ်ဆင်ထုတ်လုပ်မှုအပိုင်းမှာတော့ BS 6213 ကိုလိုက်နာရပါမယ်။ Silicone Sealant တွေကတော့ BS 5889 နဲ့ Polyurethane Sealant မှာတော့ BS 5215 ကိုအခြေခံပြီး ထုတ်လုပ်ပါတယ်။ Designed Sealant Geometry တွေဟာ Anticipated Substrate Movement ကိုခံနိုင်ရည်ရှိရမှာ ဖြစ်ပြီး Acid Curing Sealants ကိုအသုံးပြုလို့မရပါဘူး။ Sealant တွေကိုထုတ်လုပ်သူရဲ့ လမ်းညွှန်ချက်ကိုလိုက်နာပြီး Sealant တွေမှာ Backer Rod, Non-Gassing Polyethylene Closed Cell Form ပါရှိရမှာဖြစ်ပြီး Primer နဲ့ Joint Preparation Materials တွေကိုထုတ်လုပ်သူရဲ့ လမ်းညွှန်ချက်ကိုလိုက်နာ အသုံးပြုသင့်ပါတယ်။






Construction Process တစ်လျောက်လုံး ပြတင်းပေါက်တွေကို ကာကွယ်မှု Protection လုပ်ရမှာဖြစ်ပြီး အဲဒီမှာ Frames, Glasss, Handles တွေပါဝင် ပါတယ်။ Window System Components တွေကိုထိခိုက်မှု မရှိစေရန် Protection ကိုလိုအပ်တဲ့အချိန်အတိုင်းတာတစ်ခုအထိ ထားရှိရပါမယ်။ Protection မှာသုံးတဲ့ ပစ္စည်းအမျိုးစားဟာ Compatible ဖြစ်ရန်လိုအပ်ပြီး အချောသတ်မျက်နှာပြင် Finishes of Protected Surfaces အားထိခိုက်မှုမရှိရန် အရေးကြီးပါတယ်။



Delivery, Storage and Handling




Window Components တွေရဲ့ အရေအတွက်နဲ့ထုတ်လုပ်မှုအမှတ်စဉ် Quantity and Batch Number အား Delivery Order နဲ့အတူတကွတိုက်ကြည့်ရပါမယ်။ အခြားသော Accessories များဖြစ်တဲ့ Friction Stays, Handles, Locking Devices, Fixing တွေဟာ Main Components အတူပါရှိသင့်ပြီး Materials တွေကို Steel Pallets ဒါမှမဟုတ် Skids နဲ့အတူထုပ်ပိုးသယ်ယူသင့်ပါတယ်။Transportation ကာလအတွင်း ပျက်စီးမှုရှိနိုင်သဖြင့် သတ်မှတ်ထားတဲ့ Specification အတိုင်းလုပ်ငန်းခွင်တွင်းသို့ရောက်ရှိခြင်းရှိမရှိကို စစ်ဆေးရပါမယ်။ ကွဲလွဲမှုရှိသော Materials ပျက်စီးထိခိုက်သော Materials များအား Factory သို့ပြန်ပို့ပေးရပါမယ်။







Installation Schedule ကိုထိန်းချုပ်ခြင်းဖြင့် လိုအပ်သောပစ္စည်းကိုသာ On Site တွင်ထားရှိပြီး Just-In-Time (JIT) လို့ခေါ်တဲ့ Inventory Management System စနစ်ကို ကျင့်သုံးသင့်ပါတယ်။ သင့်လျော်တဲ့နေရာတွေမှာ သိုလှောင်ထားပြီး ရာသီဥတုဒဏ်သိပ်မကျရောက်နိုင်တဲ့နေရာ Sheltered from Weathering နဲ့ Fallen Objects ကင်းတဲ့နေရာတွေ ဖြစ်ရန်လိုအပ်ပါတယ်။ လွယ်ကူစွာနဲ့သယ်ယူနိုင်တဲ့ Ease of Material Handling and Distribution နေရာဖြစ်ရန်လုပ်ထားရပါမယ်။ Components တွေကြမ်းပြင်နဲ့မထိစေရန်အတွက် Timber Bases အပေါ်တွင်ထားရှိရပါမယ်။ Glass Panels တွေကိုလည်း သီးသန့် Pallets များအတွင်း Protective Sheets တစ်ခုခြင်းစီဖြင့် ပျက်စီးအစင်းထင်မှု Scratches မရှိစေရန်လိုအပ်ပါတယ်။ ရေဝင်ရောက်ခြင်း Exposure to Water ကြောင့် Rainbow Effect နဲ့ Visual Properties of the Glass ပျက်ယွင်းခြင်းများဖြစ်တတ်ပါတယ်။ Components တွေကို Installation Sequence နဲ့လိုက်ပြီး မလိုအပ်ဘဲရှာဖွေရခြင်း Searching နဲ့ ရွေ့ပြောင်းရခြင်း Shifting of Materials နည်းစေရန် ပထမဦးပိုင်းတွင် သေချာစွာသိုလှောင်မှုလုပ်နိုင်ရပါမယ်။






ကြီးမားတဲ့ Windows Component တွေဟာပုံမှန်အတိုင်း သယ်ယူရန်မလွယ်ကူသဖြင့် Hoisted in Pallets အနေထားဖြင့်သယ်ယူသင့်ပြီး Hoisted without Pallets အနေထားမျိုးမှာတော့ Designed Strong Points နေရာအား ကြီးမားတဲ့မှန်ချပ်များ Large Pieces of Glass Panels အတွက် Suction Cups ကိုအသုံးပြုပြီးသယ်ယူရပါမယ်။



Preparatory Works





အရည်သွေးကောင်းတဲ့ ပြုတင်းပေါက်တစ်ခု တပ်ဆင်မယ်ဆိုရင်တော့ Wall Opening တွေရဲ့ မှန်ကန်တဲ့ Setting Out နဲ့ အတိုင်းတာ Dimension အား အတတ်နိုင်ဆုံးထိန်းချုပ်ရန်လိုအပ်ပါတယ်။ Precast Façade Wall တွေဟာ Cast In-Situ RC Wall နဲ့ Brickwalls တွေထက် Dimension အား Tolerance နည်းနည်းနဲ့ထိန်းချုပ်နိုင်ပြီး Preparation Works သိပ်မလုပ်ရပါဘူး။ သင့်တော်တဲ့နေရာမှာ ပြုတင်းပေါက်တပ်ဆင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အနိမ့်အမြင့် Reference Line နဲ့ တည်နေရာအကွာဝေး Grid Line ကိုထားပေးပြီး Wall Opening တွေရဲ့ Alignment မှန်မမှန်စစ်ဆေးနိုင်ပါမယ်။ Wall Opening နဲ့ Window Frame အကြားနေရာလွတ် Gap ဟာ 7 to 20mm အတွင်းရှိနေရပါမယ်။




အရမ်းကြီးတဲ့ နေရာလွတ် Large Gaps တွေမဖြစ်စေရန်ရှောင်သင့်ပြီး Cement Mortar ကိုအသုံးပြုပြီး Grouting လုပ်ခြင်းကြောင့် အက်ကွဲကြောင်း Cracks နဲ့ မိုးရေဝင်ရောက်ခြင်းကြောင့်ဖြစ်တတ်တဲ့ စိုစွတ်သောအခြေနေ Water Seepage များဟာ Wall Opening မထိန်းချုပ်နိုင်သောကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အဲဒီပြဿနာကို ကာကွယ်ရန်အတွက် Cementitious Waterproofing Membrane ကိုအသုံးပြုပြီး Grouted Joints အား Apply လုပ်လေ့ရှိပါတယ်။ Oversized Opening တွေကြောင့်ဖြစ်တဲ့ နေရာလွတ် 25mm Large Gaps များအား Cement Mortar အသုံးမပြုဘဲ Concrete Filling လုပ်ပေးရပါမယ်။ Undersized Opening တွေကိုတော့ Chisel ကိုအသုံးပြုပြီး Chipped Off ဒါမှမဟုတ် Electric Breaker ဖြင့် Hacking ထိုးပေးရပါမယ်။






Wall Opening တွေကိုစစ်ဆေးပြီး Honeycomb နဲ့ Chipped Edges အစရှိတဲ့ Structural Defects များအား Rectify လုပ်ထားတဲ့ Structural Clearance ကို Site Engineer ထံမှရယူပြီးမှ ပြတင်းပေါက်တပ်ဆင်ခြင်းအပိုင်းအားစတင်ရပါမယ်။ Brickwall တွေရဲ့အောက်ခြေအပိုင်းတွင်Concrete Kerb ဒါမှမဟုတ် Sill အားထားပေးသင့်ပါတယ်။ Precast Façade Wall တွေမှာတော့ Dimension အား Tolerance နည်းနည်းသာရှိပြီး Metal Holdfast တွေတပ်ဆင်ဖို့အတွက် Recess တွေထည့်ထားပေးပါတယ်။



Protection and Cleaning


ထိခိုက်ပျက်စီးလွယ်တဲ့နေရာတွေဖြစ်တဲ့ Vulnerable Surfaces Frames, Glass Panels, handles တွေအား အထူးသတိထားကာကွယ်ရပါမယ်။ Protection အား Factory မှစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းစဉ်တစ်လျောက်လုံး Construction Process အထူးသတိထားရပြီး နောက်ဆုံးပိတ်အပိုင်း Schedule for Final Cleaning and Handing Over အထိရှိနေသင့်ပါတယ်။ Temporary Protection မှာသုံးတဲ့ပစ္စည်းအမျိုးစားဟာ Protection လုပ်မယ့်အရာနဲ့ သင့်လျော်မှုရှိမရှိ သတိပြုရပါမယ်။ အသုံးပြုမယ့် ပစ္စည်းအမျိုးစား Life Span of the Protective Tapes ရဲ့အနေထားဟာ Construction Process တစ်လျောက်လုံး အသုံးပြုနိုင်တဲ့အခြေနေရှိရပါမယ်။









Protection အားအနေထားအမျိုးမျိုးနဲ့အသုံးပြုထားတဲ့ပုံဖြစ်ပြီး Multi Layer Protection Systems တွေအတွက်လည်း တစ်ခုချင်းစီအတွက် Different Layers of Protective Tape များရှိပါတယ်။






တပ်ဆင်မှုအပိုင်းပြောင်းလဲလာတာ Installation Progress နဲ့အမျှ Protective Tape အားအခြေနေပေါ်လိုက်ကာ ပြောင်းလဲအသုံးပြုရပါမယ်။







မလိုလားအပ်တဲ့ပျက်စီးမှုများမဖြစ်စေရန် Window Frames, Glass Panels, Accessories အားကာကွယ်ရန် အလုပ်ခွင်မှလူအများသိရှိစေရန် Signages များကပ်ထားသင့်ပါတယ်။






Cleaning မလုပ်ခင်မှာ Protective Tapes အားရှင်းလင်းကာ Glass Panels အားရေဖြင့်စွတ်စိုစေကာ Snap Blade ဖြင့် Cement Mortar အားဖယ်ရှားပေးရပါမယ်။ Glass Panels များအား Wiper ကိုအသုံးပြုကာ ဆပ်ပြာရည် Soapy Water of Mild Detergent ဖြင့်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ External Window တွေကို သန့်ရှင်းရေးလုပ်ရာတွင် မှန်ကန်တဲ့ Access တွေဖြစ်တဲ့ Staging နဲ့ Gondola ကိုအသုံးပြုရပါမယ်။



Common Defects and Remedies

Designers နဲ့ Site Supervisors တွေဟာဖြစ်လေ့ဖြစ်ထရှိတဲ့ Common Complaints and Defect ကိုကောင်းမွန်စွာသိရှိထားသင့်ပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါနားလည်ရပါမယ်။ များသောအားဖြင့် Defects တွေဟာ Poor Design, Use of Inferior Non-Compatible Materials, Fabrication Installation

ကာလအတွင်း ညံ့ဖျင်းတဲ့ Poor Workmanship နဲ့ Mishandling တွေကြောင့် အဓိကဖြစ်ရပါတယ်။




Window Frame တွေမှာ Water Seepage ဖြစ်ရခြင်းကတော့ Frame and Gaskets အား Fabrication နဲ့ Installation လုပ်ရာတွင် လက်ရာညံ့ဖျင်းခြင်း Poor Workmanship ကြောင့်ဖြစ်ပြီး မတိကျတဲ့အသေးစိတ်အချက်လက် Detailing of Top Frame တွေကြောင့်လည်းဖြစ်တတ်ပါတယ်။ သေချာလုံလောက်တဲ့ Drainage Paths, Sufficient Ventilation နဲ့ Internal Air Seals အား Design Window Frame ရေးဆွဲရာမှာ ထည့်သွင်းစဉ်းစားရပါမယ်။ မိုးရေတိုက်ရိုက်ကျရောက်ခြင်း Direct Rainfall မရှိစေရန်လည်း လိုအပ်ပါတယ်။ Components များအားတတ်နိုင်သမျှ Factory တွင်တတ်ဆင်ခြင်း Mechanical Tools ကိုအသုံးပြုပြီး Fabrication Tolerances နည်းအောင်လုပ်ဆောင်နိုင်ပါတယ်။ Gasket အားမှန်ကန်တဲ့ Compatible Profile ဖြစ်ရန်လိုပြီး Frames နဲ့ Gaskets တွင်အပျက်စီးမရှိစေရန် စစ်ဆေးရပါမယ်။ အဲဒီနောက် Field Water Tightness Test လုပ်ပေးရပါတယ်။






Window Frame နဲ့ Wall အကြား Joints များအတွင်း Water Seepage ဖြစ်ရခြင်းမှာ ညံ့ဖျင်းတဲ့ Tolerances of Wall Openings နဲ့ Grouting ဒါမှမဟုတ် Sealing of Gaps လုပ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ မိုးရေတိုက်ရိုက်ကျရောက်ခြင်း Direct Rainfall မရှိစေရန်လည်း Design ဆွဲပြီး Precast Walls တွေကိုအသုံးပြုပြီး Dimensional Tolerances and Finishing နည်းနည်းနဲ့ ကာကွယ်နိုင်ပါတယ်။ Wall နဲ့ Frame ကြားက Gaps တွေအားထိန်းချုပ်ပြီး Gaps အားပိတ်ရန်အတွက် မှန်ကန်တဲ့ Grout နဲ့ Sealant အားအသုံးပြု၍ Field Water Tightness ဖြင့်စမ်းသပ်ပေးရပါမယ်။

Casement Window Glass Panels တွေမှာဖွင့်ရပိတ်ရခက်တဲ့ Misalignment of Frames and Glass Panels ဖြစ်ရခြင်းအတွက် Alignment မှန်ကန်စေရန် Outer Frames နဲ့ Inner Panel တွေအား Plumb ချပြီးစစ်ဆေးရပါတယ်။ မှားယွင်းတဲ့ Friction Stays နဲ့ Pivot Hinges တွေအတွက် မှန်ကန်တဲ့ physical Condition of Friction Stays နဲ့ Pivot Hinges ဖြစ်ရန်လိုအပ်ပါတယ်။ Friction Stays Track အတွင်းအမှိုက်ဝင်ရောက်ခြင်း Debris ကြောင့် ဖွင့်ရပိတ်ရခက်တဲ့ အနေထားအားကာကွယ်ရန် သန့်ရေးလုပ်ပေးရပါမယ်။

Sliding Window တွေမှာဖွင့်ရပိတ်ရခက်တဲ့ Misalignment of Frames and Inner Panel ဖြစ်ရခြင်းအတွက် Outer Frames နဲ့ Inner Panels တွေရဲ့ Alignment မှန်ကန်မှုအားစစ်ဆေးပြီး Rollers and Sliding Tracks ပျက်စီးမှုတွေအတွက် Installation ကာလအတွင်း Sliding Tracks ရဲ့ Inner Panels မတတ်ဆင်မှီ အမှိုက်တွေဖြစ်တဲ့ Dirt and Debris တွေအားသန့်ရှင်းရေး အရင်လုပ်ရပါမယ်။ Sliding Window အား Handing Over မလုပ်ခင်အထိ ယာယီအသုံးပြုခြင်း မလုပ်သင့်ပါဘူး။








Misalignment ဖြစ်ရခြင်းတဲ့အကြောင်းရင်းကတော့ မှားယွင်းတဲ့ Setting Out of Wall Openings ကြောင့်ဖြစ်ပြီး မှန်ကန်တဲ့ Setting Out အားလိုအပ်တဲ့ Specifications အတိုင်းစစ်ဆေးပြီး Window Frame ရဲ့ Alignment နဲ့ Plumb အားတတ်ဆင်းရေးအပိုင်းမစတင်မှီ မှန်ကန်မှုရှိမရှိကြည့်ရပါမယ်။






Window Frame နဲ့ Wall အကြားမသေသပ်တဲ့ Joints များမဖြစ်စေရန်အတွက် Sealant နဲ့ Painting လုပ်နေစဉ်ကာလအတွင်း Frame အားသင့်တော်တဲ့ Suitable Tapes ဖြင့်ကာကွယ်ရပါမယ်။





Window Frame အစွန်းရှိ Gaps များအားကာကွယ်ရန် Fabrication လုပ်စဉ်ကာလအတွင်း တိကျသေသပ်သော Mechanical Tools ဖြင့် Frames Installation လုပ်ပြီး Delivery and Storage ကာလမှာလည်း Protection ကောင်းကောင်းလုပ်ရပါမယ်။

ပြတင်းပေါက်မှန်စွန်းထင်ခြင်း Stained Glazing အားရှောင်ရှားရန်အတွက် Glazing လုပ်နေစဉ်ကာလအတွင်း Adequate Protection ရှိရပါမယ်။





အရည်သွေးညံ့ဖျင်းတဲ့ Frame Finishes မဖြစ်စေရန်အတွက် Delivery ကာအတွင်း Fabrication Quality of Finishes အားစစ်ဆေးသင့်ပြီးမှ Installation လုပ်ပြီး Rectification Works လုပ်ရပြီဆိုရင်လည်း သေသေချာချာနဲ့ Effective Rectification ဖြစ်ရင်တော့ အထက်ပါပြဿနာများ မဖြစ်နိုင်ပါဘူး။



Window Frame တွေအပေါ်ကို Cement Mortar နဲ့ Paint ဆေးစက်စွန်းထင်ခြင်းအား ကာကွယ်ရန် သေချာတဲ့ကာကွယ်မှု Adequate Protection လုပ်ပေးပြီး Window Frame ကိုကာကွယ်နိုင်ပါတယ်။






ပြတင်းပေါက်ဘောင် Window Frame နဲ့ ပြတင်းမှန် Glazing အား အစင်းထင်ပျက်စီးခြင်း Scratches များမရှိစေရန် Installation မလုပ်မှီကာလအတွင်း Delivery လုပ်ထားတဲ့ Component အားအပျက်စီးရှိမရှိ စစ်ဆေးရပါမယ်။ ပြီးတော့ Delivery အတွက်သင့်တော်တဲ့ သိုလောင်ဖို့နေရာ Storage Place အားမှန်ကန်စွာရွေးချယ်ရပါမယ်။







ပုံပန်းမကျတဲ့ Loose Gasket ဖြစ်ရခြင်းမှာ Incompatible Profile ကြောင့်ဖြစ်ပြီး Gasket ရဲ့ Size နဲ့ Profile အားမှန်ကန်စွာရွေးချယ်ပြီး အလျားမမှန်ကန်တဲ့ Inadequate Length Gasket မျိုးမဖြစ်စေရန် သေချာလုံလောက်တဲ့ Sufficient Length Gasket ရှိမရှိစစ်ဆေးရပါမယ်။ Installation ကာလအတွင်း ထောင့်စွန်းနေရာတွေမှာ သေသပ်မှန်ကန်တဲ့လက်ရာ Proper Workmanship ဖြစ်နေရပါမယ်။



ကြီးမားတဲ့ပျက်စီးမှု Physical Damages မျိုးမဖြစ်စေရန်အတွက် Fabrication, Delivery, Storage and Installation ကာလတွေမှာ သေချာမှန်ကန်တဲ့ကာကွယ်ခြင်း Adequate Protection ဖြစ်ရပါမယ်။

2 comments:

  1. ကောင်းတယ်ဗျာ။ ဒီထက်ပိုပြီးရေးနိုင်ပါစေ။

    ReplyDelete
  2. သိပ်ကောင်းတယ် Bro

    ReplyDelete