Search This Blog

Sunday, March 20, 2011

စင်ကာပူမှ Clerk of Works အတွေ့ကြုံများ (၄)

အရင်ကအလုပ်အတွေ့ကြုံရ ပြောပြချင်တဲ့အချက်တခုကတော့ Contractor နဲ့ Clerk of Works
ကြားကဆက်ဆံရေးတစ်ခုပါ။ တမင်တကာကြုံကြိုက်လို့ပဲဖြစ်ဖြစ် Contractor ဖက်ကလူတွေက
ထမင်းကျွေးလက်ဖက်ရည်တိုက်ခြင်းကို Clerk of Works တိုင်း အနဲအများတွေ့ ကြုံဖူးကြမှာပါ။ Contractor
တွေပြောလေ့ရှိတဲ့ လက်သုံးစကားကတော့ အလုပ်ချိန်မှာ အလုပ်သဘောအတိုင်းအလုပ်လုပ်ပြီး
အလုပ်ချိန်ပြင်ပမှာ မိတ်ဆွေအပေါင်းသင်းကဲ့သို့ သဘောထားကာ ကျွေးမွေးပြုစုပါရစေ ဘာညာဘာညာ
တစ်ကယ်ပဲစေတနာထားပြီးပြောသလိုလိုနဲ့ လုပ်တတ်တဲ့အကျင့်ရှိခြင်းပါပဲ။ ကိုယ်ကိုတိုင်လည်း
အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံဖူးပါတယ်။ တစ်ခါတစ်လေတော့ ခင်မင်မှုအတိုင်းတာတစ်ခုအရကောင်းပြီး
လက်ခံခဲ့ပေမယ့် နောက်ပိုင်းတွေမှာတော့ စိတ်တိုတိုနဲ့ အပြတ်ပြောလိုက်တာကတော့ အဲဒီလောက်
အကျွေးမွေးဝါသနာသိပ်ပါနေရင် ဈေးကြီးတဲ့ Restaurant မှာလိုက်ကျွေးဖို့ နောက်သလိုပြောင်လိုနဲ့
အတည်ပြောလိုက်ရတယ်။ ဟုတ်တယ်လေ အခန့်မသင့်လို့ Complaints တတ်လာရင်ကိုယ်က CPIB ကနေပြီး
စစ်ဆေးတာ ခံနေရဦးမယ်။



အဲဒါတွေမြင်ရတော့ ဟိုးအရင်က အဖြစ်အပျက်တွေပြန်ပြီးတော့ သတိရနေမိတယ်လေ။ ပုံပြင်လေးကတော့
ဒီလိုပါ။ Contractor ဖက်ကနေလုပ်ခဲ့ဖူးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတော့ Piling Contractor, 3 in 1 (Rebar, Formwork and Casting) Structural Works Contractor, Plumbing Contractor
ရယ်ဆိုပြီးတော့ ကွန်ဒိုပရောဂျက် တစ်ခုမှာ အတူတကွ လုပ်ကိုင်နေကြတယ်။ အဲဒီက Resident Engineer
ဆိုတဲ့ အိမ်ရှင်အင်ဂျင်နီယာကြီးက အစားကောင်းအသောက်ကောင်း သိပ်ကြိုက်တတ်တဲ့သူဆိုတော့
သူရဲ့တပည့်ကျော် Clerk of Works တွေဟာ သူတို့ဆရာ တစ်နေ့နဲ့တစ်နေ့ မရိုးရလေအောင် စီမံပြီး
Contractor ကိုအလှည့်ကြတာဝန်ယူစေကာ နေ့တိုင်းပွဲတော်ကြီးကို ဖြစ်နေတော့တာပါပဲ။



ကျွန်တော်တို့ ဟိုအရင်ကလုပ်ခဲ့တဲ့ R&R ပရောဂျက်ကြတော့ တစ်မျိုးထူးခြားနေတာရှိတယ်။ မနက်ဆိုရင်
၈နာရီကျော်ကျော်လောက်မှ Clerk of Works သုံးယောက်ရုံးမှာ ဆုံတွေကြပြီး မကြာပါဘူး
၉နာရီဝန်းကျင်လောက်ကြတော့ လက်ဖက်ရည်ဆိုင် ချီတက်ကာလေကန်ရင်း အချိန်ဖြုန်းပါတော့တယ်။
တခါတခါတော်ကီတွေပွားရင်းအာလူးဖုတ်တာ အရှိန်လွန်သွားရင်တော့ နေ့လည်ထမင်းစားချိန်အထိပါ
တောက်ရှောက်ထိုင်ဖြစ်သွားတယ်။ နေ့လည်ပိုင်းဆိုရင်လည်း တရေးတမောအိပ်ရာနိုးပြီး အင်တာနက်ကြည့်လို့
ဝပြီဆိုရင်တော့ ၃နာရီဝန်းကျင်လောက်မှာ လက်ဖက်ရည်ဆိုင်ပြန်ထိုင်ကြပြန်ရော။ ဒါပေမယ့် အဲဒီက
အတူတူအလုပ်လုပ်တဲ့ Clerk of Works အဖိုးကြီးတစ်ယောက်ရဲ့ အကျင့်စရိုက်ကတော့ ဒီလိုပါ။ အိမ်မှာသူ့
မိန်းမနဲ့အဆင်မပြေတိုင်း အလုပ်ကိုစရောက်တာနဲ့ တွေ့တဲ့အလုပ်သမား ဒါမှမဟုတ် ဖိုမင်ကို
စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဆူပူကြိမ်းမောင်းတော့တာပါပဲ။ နေ့လည်ဖက်တရေးတမောအိပ်ပြီး
အိပ်ရာကနိုးတာနဲ့ ဆူဆူပူပူပြန်လုပ်ရော။ ကိုယ်လည်းသူတို့နဲ့ ကြာကြာပေါင်းမိပြီး အဲဒီအကျင့်ဆိုးလေးတွေ
ကူးစက်လာပြီး စိတ်မကြည်လင်တဲ့နေ့မှာ Contractor လုပ်ပုံကိုင်ပုံအချိုးမကြတာကိုသာတွေ့လို့ကတော့
ပွဲဆူပြီသာမှတ်ပေတော့။ အဲဒီလိုနဲ့ ညနေစောင်း ၅နာရီဝန်းကျင်မှာတော့ ပျော်ရွင်စွာနဲ့
အိမ်ပြန်ကြပါလေသတည်း။ ဘယ်လောက်များသက်တောင့်သက်သာနဲ့ အေးဆေးတဲ့အလုပ်များ ပါလိမ့်နော်။
အဲဒီလိုနဲ့ ပရောဂျက်တစ်ရှောက်လုံးနေလာလိုက်ကြတာ ၉လကျော်လောက်ကို ပျော်ပျော်ပါးပါးကြီး
အလုပ်လုပ်လိုက် Contractor ကိုဆူလိုက်ကြိမ်းလိုက်နဲ့ ပါပဲ။ တစ်ခါတစ်လေ Resident Feedback
ဒါမှမဟုတ် Complaints Case အသစ်တက်လာလို့ ကတော့ Contractor ကိုမေးခွန်းပေါင်းများစွာမေးပြီး
ကိုယ့်ဖက်ကနေ Incident Investigation တို့ Preventive Measure အစရှိတဲ့ Reports ပေါင်းများစွာ
Client ကိုတင်ပြီးရှင်းပေတော့ပဲ။ Contractor ကတာဝန်ယူပို့ ဆောင်ပေးရတဲ့ ကားတစ်စီးနဲ့ တစ်နေ့တာလုပ်ငန်းများ
အားစစ်ဆေးရင်း အစားကောင်းအသောက်ကောင်း ကြိုက်တတ်တဲ့ Clerk of Works အဖိုးကြီးကတော့
အချိန်ရရင်ရသလို နေရာကောင်းဆိုင်ကောင်းပြတတ်တယ်။ သူတို့ရဲ့ ကျေးဇူးကြောင့် ကိုယ်တိုင်လည်း
နေရာစုံတော်တော်များများရောက်ဖူးသွားတော့တယ်။


1 comment:

  1. ခုချိန်မှာ Clerk of Works လို့မသုံးတော့ဘူး ထင်တယ်နော်။ ပို့စ်တွေက archi works များနေတယ်ထင်တယ်။ structure တွေလည်း ရေးပါဦး။ အားပေးလျှက်....

    ReplyDelete