Search This Blog

Saturday, May 21, 2011

Sewerage Network တွေပြုပြင်ကြရအောင် (၁)

ပုံမှန်ရှိရမယ့်အခြေနေတွေမဟုတ်တဲ့ Structural Integrity ပျက်ရွင်းနေခြင်း, Crack, Fracture, Joint Displaced, Infiltration, Filtration အစရှိတဲ့အခြေအနေတွေ ဖြစ်နေတဲ့ပိုက်လိုင်းတွေကို CIPP လို့အတိုကောက်ခေါ်ကြတဲ့ Cured-In-Place Pipe စနစ်နဲ့  ပြုပြင်မွမ်းမံခြင်းဆိုတဲ့ Rehabilitation လုပ်ကြပါတယ်။ Resin ပါဝင်တဲ့ Felt Liner အား Coating အုပ်ပြီးနဂိုရှိပြီးသား Existing Pipeline အတွင်းသို့ Inversion Method ဖြင့်ထည့်သွင်းပြီး ပတ်ဝန်းကျင်သဘာဝအပူရှိန် Ambient ဒါမှမဟုတ် ရေနွေးငွေ့ Steam, ခရန်းလွန်ရောင်ခြည် Ultra Violet Light  အစရှိသဖြင့် အပူပေးကာပိုက်လိုင်းအသစ်ဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ ဒီနည်းဟာ မြေကြီးမတူးဘဲ Rehab လုပ်နိုင်တဲ့အတွက် Trenchless Method ဒါမှမဟုတ် New Line Within An Existing Line လို့လဲခေါ်ကြပါတယ်။ 





CIPP စနစ်အား Sewerage Line, Drainage Pipe, Portable Water Pipe အစရှိတဲ့နေရာအတော်များများမှာ သုံးလေ့ရှိပါတယ်။ Structural Renewal လုပ်တဲ့အနေနဲ့ ပိုက်လိုင်းခိုင်မာတောင့်တင်းစေရန်ပြုလုပ်ပေးခြင်း Infiltration & Filtration နည်းပါးစေရန်အတွက် Manhole တခုနဲ့တခုကြားမှာရှိတဲ့ Sewerage Line ဒါမှမဟုတ် Lateral တွေရှိတတ်တဲ့ Inspection Chamber ကလာတဲ့ပိုက်လိုင်းနဲ့ Main Sewerage Line များအား Rehab လုပ်ကြပါတယ်။ Sectional Lining ဆိုပြီးတော့ တစိတ်တပိုင်းပဲ Rehab လုပ်တာတွေလဲရှိတတ်ပါတယ်။






ပုံမှန်အားဖြင့်တော့ CIPP အမျိုးစားတွေမှာအသုံးပြုတဲ့ ပစ္စည်းတွေကတော့ အဓိကအားဖြင့် Resins, Liner Fabric, Coating ဆိုပြီးတော့ ခွဲခြားထားပါတယ်။ Resins တွေမှာတော့ ဓာတုပစ္စည်းတွေ ဖြစ်တဲ့ Polyester, Vinyl Ester, Epoxy တွေပါဝင်တတ်ပါတယ်။ Liner Fabric ဆိုတဲ့အမာခံပိုက်လိုင်းအတွင်းပိုင်းမှာ Fiberglass, Carbon Fiber, Kevlar အစရှိတဲ့ ကုန်ကြမ်းတွေရှိပါတယ်။ Coatings ဆိုတဲ့ နောက်ဆုံးအချောသတ်ပိုက်လိုင်းမျက်နှာပြင်မှာတော့ Urethane, Polyethylene, PVC တွေနဲ့အချောသတ်ပါဝင်ပါတယ်။



CIPP အားရေပူပေးခြင်း Hot Water, ရေနွေးငွေ့ပေးခြင်း Steam, ခရမ်းလွန်ရောင်ခြည်ပေးခြင်း Ultra-Violet Light, သဘာဝပတ်ဝန်းကျင်အပူရှိန်တိုင်းထားရှိခြင်း Ambient Temperatures တို့ဖြင့် Curing လုပ်လေ့ရှိပါတယ်။ Thermoset Resins အမျိုးစားမှာပါဝင်တဲ့ CIPP မှာတော့ Polyester ဟာ Sewerage Pipeline နေရာအတော်များများမှာ သုံးလေ့ရှိပါတယ်။ Vinyl Ester ကတော့ စက်မှုလုပ်ငန်းတွေမှာ သုံးလေ့ရှိပြီး Corrosion နဲ့ Pressure ဒဏ်ကိုခံနိုင်တဲ့အတွက် အထူးသင့်လျှော်ပါတယ်။ Epoxy အမျိုးစားတွေမှာတော့ သောက်သုံးရေပိုက် Portable Water တွေအတွက်ဖြစ်ပြီးတော့ Pressure နဲ့ Temperature မြင့်တဲ့နေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။


 Felt Liner အား Polyester ဖြင့်ချည်နှောင်တွဲဆက်ပြီး Polyethylene, Polyurethane, PVC တို့ဖြင့်အချောသတ်မျက်နှာပြင်အား Coatings လုပ်လေ့ရှိပါတယ်။ Vacuum Impregnation Process လို့ခေါ်တဲ့စနစ်မှာတော့ CIPP Installation မလုပ်မှီမှာ အပူပေးထားတဲ့ Resin အားလေစုပ်ထုတ်ထားတဲ့ပိုက်အတွင်းသို့ ထည့်ပေးပါတယ်။ ပိုနေတဲ့ Resin တွေကို Rollers ဖြင့်ထုတ်ယူပြီးနောက် Saturated Liner လို့ခေါ်တဲ့အဆင်သင့်ဖြစ်နေတဲ့ Liner အားအအေးခံထားပါက သွားရောက်တတ်ဆင်မယ့် Host Pipe နေရာမရောက်မှီအထိ အချိန်တော်ကြာကြာအထားခံပါတယ်။




Polyester Fabric Resin Impregnation စနစ်မှာတော့ လေစုပ်ထုတ်ထားတဲ့ Liner အတွင်းသို့ Resin ကောင်းမွန်စွာဝင်ရောက်နိုင်ရန်အတွက် Process တလျှောက်လုံး Vacuum လုပ်ပေးရပါမယ်။



CIPP ပိုက်အတွင်းပိုင်းမှာ ပါဝင်ဖွဲ့စည်းထားတဲ့ Chemical တွေကိုအသေးစိတ်ခွဲခြားပြသထားတဲ့ ပုံဖြစ်ပါတယ်။







Mobile Truck အတွင်းမှာပဲ CIPP ကိုထုတ်လုပ်ပြီး အသုံးပြုမယ့်နေရာအထိကိုသွားရောက်ပို့ဆောင်နိုင်တဲ့ စနစ်တခုဖြစ်ပါတယ်။


Fiberglass Liner Preparation စနစ်ကတော့ အရင်စနစ်နှစ်ခုနဲ့တူညီပြီး ပုံမှန်အပူပေးထားသော ဒါမှမဟုတ် ခရမ်းလွန်ရောင်ခြည် Ultra-Violet Light ကိုအသုံးပြုပြီး အပူပေးထားတဲ့ Resin အား Fiberglass Liner အတွင်းထည့်သွင်းအသုံးပြုခြင်းသာကွဲပြားပါတယ်။ နောက်တခုမတူညီတာကတော့ Vacuum Impregnation လုပ်စရာမလိုဘဲနဲ့ လုပ်ဆောင်နိုင်ပြီး ခြောက်လကျော်ခန့်အအေးပေးစရာမလိုဘဲ အထားခံနိုင်ခြင်းတွေပါပဲ။




CIPP Lining မလုပ်ခင်မှာ Pre-Line လို့ခေါ်ကြတဲ့ မူလရှိပြီးသားပိုက်လိုင်းအနေထားအား အမျိုးစားခွဲခြားခြင်း၊ Major Crack နဲ့ Leakage ဖြစ်ပေါ်နေတဲ့အပိုင်းအား လိုအပ်သောပြုပြင်မှု Patch Line လုပ်ခြင်း၊ ပိုက်လိုင်းအတွင်းရေစီးဆင်းမှုပမာဏအတိုင်းတာ Peak Flow Volume အားလေ့လာမှတ်သားခြင်း၊ လိုအပ်ပါကရေစီးဆင်းမှုအား လမ်းလွှဲပေးရန်အတွက် Over Pumping လို့ခေါ်ကြတဲ့ Manhole တခုနဲ့တခုအကြား ယာယီပိုက်အသစ်သွယ်တန်းပြီးတော့ Bypass လုပ်ပေးခြင်း၊ ပိုက်လိုင်းအတွင်းမှာရှိတဲ့ Lateral Connection တွေရဲ့အခြေနေကိုလေ့လာခြင်း အစရှိသဖြင့် လိုအပ်သလိုကြိုတင်ပြင်ဆင်ထားရပါမယ်။



Lateral Connection တွေရဲ့တည်နေရာနဲ့အရေတွက်ကို Pre-Line လုပ်နေတဲ့အချိန်မှာသေသေချာချာမှတ်တမ်းတင်ထားရှိရပါမယ်။ Sealed ဒါမှမဟုတ် Abandoned ဖြစ်နေတဲ့ Lateral တွေကို လေ့လာမှတ်တမ်းပြုစုရပါမယ်။ 



ရှိပြီးသားပိုက်လိုင်းအတွင်းမှရေစီးဆင်းမှုအား Blocker, Water Plug ကိုအသုံးပြုပြီး ပိတ်ဆို့ရပ်တန့်ပေးရပါမယ်။ ပိုက်အတွင်းရှိ Debris တွေဖြစ်ကြတဲ့ Silt, Roots, Sand တွေကိုရှင်းလင်းဖယ်ရှားပြီးမှသာ Rehab စတင်လုပ်ကိုင်သင့်ပါတယ်။ 








တကယ့်လက်ရှိ လုပ်ငန်းခွင်မှာ အသုံးပြုနေကြတဲ့ Blocker ပုံဖြစ်ပြီး Diameter ကြီးမားတဲ့ပိုက်တွေမှာတော့ ပုံမှန်သုံးနေကြ လေထိုးတံ Air Supply ကိုမသုံးဘဲ Air Pump ကိုပဲသုံးလေ့ရှိပါတယ်။

No comments:

Post a Comment