Search This Blog

Saturday, May 21, 2011

Sewerage Network တွေပြုပြင်ကြရအောင် (၂)

Heat Cured CIPP Liner Installation မှာအဓိကကြတဲ့အပိုင်းကတော့ Inversion ဖြစ်ပြီး ဖိအားမြင့်ရေ ဒါမှမဟုတ် လေဖြင့် Rehab လုပ်မယ့်ပိုက်အတွင်းသို့ ဆွဲယူထည့်သွင်းတဲ့စနစ်ဖြစ်ပါတယ်။ CIPP ပိုက်အား Boiler တပ်ဆင်ထားတဲ့ကားမှရေနွေးငွေ့ ဒါမှမဟုတ် ရေပူဖြင့် အပူပေးပြီး Curing လုပ်ကြပါတယ်။ Curing လုပ်နေစဉ်ကာလအတွင်း အပူချိန်အား Upstream Manhole ရှိ Circulation Pump လိုအပ်သလို ထိန်းချုပ်ပေးနိုင်ရန်အတွက် Downstream Manhole တွင်အပူချိန်တိုင်းကိရိယာတတ်ဆင်ရပါတယ်။





ထွက်ရှိလာသောရေနွေးငွေ့အား ပိုက်ဖြင့်စနစ်တကျသွယ်တန်းပြီးတော့ မြောင်းပေါ်ကို လမ်းလွှဲထားတဲ့ပုံ ဖြစ်ပါတယ်။




Fiberglass Liner အား Rehab လုပ်မယ့် Host Pipe အတွင်းသို့ Ultra-Violet Light ပါဝင်တဲ့ CCTV တတ်ဆင်ထားတဲ့ Light Train အားဖြတ်သန်းပြီး Curing လုပ်ကာမှတ်တမ်းတင်ထားရှိတဲ့ စနစ်ဖြစ်ပါတယ်။ Infrared Sensors များဖြင့် Curing Process အားထိန်းချုပ်ပါတယ်။





Rehab လုပ်ပြီးသားပိုက်နဲ့ Manhole ဆက်စပ်တဲ့နေရာတွင် မြေအောက်ရေဝင်ရောက်ခြင်း Filtration အားကာကွယ်ရန် Seal လုပ်လေ့ရှိပြီး များသောအားဖြင့် Folded Pipe လို့ခေါ်ကြတဲ့ EX-Lining တွေမှာ Silicone အား Sealant အနေနဲ့သုံးကာ ပိတ်ဆို့လေ့ရှိပါတယ်။



ပိုက်လိုင်းအသစ်ထည့်ပြီးသွားတဲ့ ပုံဖြစ်ပြီးတော့ နောက်ပိုင်းမှာ Post-Line အနေနဲ့ CCTV Recording လုပ်ရပါတယ်။


Inversion Drum လို့ခေါ်ကြတဲ့လေအလုံပိတ် ကိရိယာအတွင်းကနေ လေဖိအားနဲ့ CIPP အား Host Pipe အတွင်းသို့ထည့်သွင်းနေတဲ့ပုံဖြစ်ပါတယ်။ 


တကယ့်လက်တွေ့မှာတော့ ဒီလိုမျိုးရေခဲစိမ်ထားတဲ့ဗုံးထဲက CIPP Liner အားလိုင်းမထည့်သွင်းမှီ Shoot မလုပ်ခင်မှာ Inversion Drum ထဲထည့်ရန်ပြင်ဆင်နေတဲ့ပုံဖြစ်ပါတယ်။



CIPP အား Inversion Drum အတွင်းသို့စနစ်တကျ Rolling လုပ်နေတဲ့ပုံဖြစ်ပါတယ်။

Upstream Manhole ကနေ CIPP အားထည့်သွင်းနေတဲ့ Shooting ပုံဖြစ်ပါတယ်။ 




CIPP ရဲ့နဂိုရှိပြီးသားပိုက်လိုင်းအားအစားထိုးပြီး ပုံမှန်လုပ်ဆောင်နေတဲ့အနေထားပုံဖြစ်ပါတယ်။








တချို့နေရာကျဉ်းပြီးအခက်ခဲရှိတဲ့ Space Constraint ဖြစ်တဲ့အခြေနေတွေမှာတော့ Inversion Gun ဆိုတဲ့အသေးစား ကိရိယာအားအသုံးပြုလေ့ရှိပါတယ်။ ဥပမာ Manhole ကအိမ်ရဲ့မီးဖိုချောင်အတွင်းမှာ ရှိနေတတ်တဲ့အနေထားမှာ အသုံးပြုရန်သင့်တော်ပါတယ်။


Post-Line အတွက် CCTV Recording အားနေအိမ်အတွင်းမှ လုပ်ဆောင်နေခြင်းဖြစ်ပြီး Space Constraint ဖြစ်နေတဲ့အနေထားပုံဖြစ်ပါတယ်။





လမ်းမပေါ်တွင်လုပ်ဆောင်နေတဲ့ပုံဖြစ်ပြီး Inversion Tower စနစ်ကိုအသုံးပြုထားပါတယ်။



Host Pipe အတွင်းရှိ Curing ဖြစ်သွားတဲ့ CIPP ပိုက်အား CCTV ဖြင့် Lateral Connection အားရှာဖွေပြီး Cutter ကိုအသုံးပြုကာဖြတ်တောက်ကာ လိုအပ်ပါကအချောသတ် Brushing လုပ်လေ့ရှိပြီး Tophat ထည့်သွင်းလေ့ရှိပါတယ်။ များသောအားဖြင့် Lateral Connection ရှိသောနေရာများတွင် ပိုက်မျက်နှာပြင်ဟာ သိသိသာသာချိုင့်ဝင်နေတတ်တာတွေ့ရပြီး လွယ်ကူစွာဖြတ်တောက်နိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ မကျွမ်းကျင်တဲ့ Cutter Machine Operator ကြောင့် လိုအပ်တဲ့အတိုင်းတာထက်ပိုပြီး ဖြတ်တောက်ကာ Over Cutting ဖြစ်လေ့ရှိပါတယ်။




နောက်ဆုံးအဆင့်အနေနဲ့ Rehab လုပ်ပြီးသွားတဲ့ပိုက်အား Post-Line လို့ခေါ်တဲ့ CCTV Recording လုပ်ကြပါတယ်။ အဓိကစစ်ဆေးတာတွေကတော့ ပိုက်လိုင်းအတွင်းရေစီးဆင်းမှုအား အနှောက်ယှက်ဖြစ်စေသောဖောင်းကြွနေတဲ့အနေထား Lumps များ၊ လှိုင်းတွန့်ကဲ့သို့ဖြစ်နေသော Wrinkles များ၊ Over Brushing ကြောင့်ဖြစ်ပေါ်လာရသော Wear and Tear Marks များ၊ Leakage ဖြစ်စေနိုင်သော Unsealed Vacuum Holes၊ Lateral Connection ရှိသောနေရာများတွင် Tophat တတ်ဆင်မှုမှန်ကန်ခြင်းရှိမရှိ စစ်ဆေးကြပါတယ်။




CIPP ပိုက်အသားအား စမ်းသပ်ခန်းအတွင်း ဖိအားခံနိုင်ရည် Compression Test လုပ်နေတဲ့ပုံဖြစ်ပါတယ်။


 CIPP ပိုက်အသားအား စမ်းသပ်ခန်းအတွင်း ဆွဲဆန့်မှုခံနိုင်ရည် Tensile Test လုပ်နေတဲ့ပုံဖြစ်ပါတယ်။



စမ်းသပ်ရန်အတွက် Reference ရေးထားသော CIPP Samples များဖြစ်ပါတယ်။ 



နောက်ဆုံးအနေနဲ့ Lining လုပ်ထားတဲ့ Material တွေကိုစမ်းသပ်စစ်ဆေးခြင်း၊ ပိုက်လိုင်းရဲ့အထူအားမှတ်တမ်းတင်ခြင်း၊ Water Leakage Test လို့ခေါ်တဲ့ Rehab လုပ်ပြီးသား ပိုက်လိုင်းရေယိုခြင်းရှိမရှိစစ်ဆေးခြင်း၊ ပိုက်အတွင်းရှိမျက်နှာပြင်အနေထားအား မှတ်တမ်းတင်ခြင်းများ လုပ်ကြပါတယ်။ 

CIPP စနစ်ရဲ့ကောင်းတဲ့အချက်တွေကတော့
(၁) ပုံမှန်မြေသားတူးဖော်ရန်မလိုအပ်ခြင်း
(၂) ဘေးပတ်ဝန်းကျင်ရှိ Adjacent Utilities နဲ့ Surface Pavement များအားမထိခိုက်ပဲအလုပ်လုပ်ဆောင်နိုင်ခြင်း
(၃) ရှိပြီးသား Manhole အတွင်းမှ Installation ကိုအပြီးသတ်ဆောင်ရွက်နိုင်ခြင်း
(၄) ရှည်လျားတဲ့အကွာဝေးရှိပိုက်လိုင်းအား ဆက်ရာမရှိ Joint-Less Section အဖြစ်လုပ်ဆောင်နိုင်ခြင်း
(၅) Diameter မတူညီတဲ့ ပိုက်အမျိုးစားအားလုံးတွင်အသုံးပြုနိုင်ခြင်း
(၆) ရေစီးဆင်းမှု အားကောင်းမွန်စေပြီး ပြုပြင်ထိန်းသိမ်းမှုလျော့ချနိုင်ခြင်း
(၇) Lateral Connection များအားစက်အကူညီဖြင့်ပြန်လည် ဆက်သွယ်နိုင်ခြင်း
(၈) အမျိုးစားတခုခြင်းအတွက် Design လုပ်ထားခြင်း
(၉) နှစ်ကာလအတော်ကြာပြီဖြစ်တဲ့ အောင်မြင်တဲ့ Installation Method ဖြစ်ခြင်း
(၁၀) ပုံမှန်လမ်းဟောင်းဖြစ်တဲ့ Excavation နဲ့ Open and Cut Replacement များထက်ကုန်ကျစရိတ်သက်သာခြင်း
(၁၁) မှန်ကန်စွာစမ်းသပ်ပြီး Installation လုပ်ဆောင်ပါက အချိန်ကာလကြာရှည်စွာအသုံးပြုနိုင်သော Design ဖြစ်ခြင်း
(၁၁) လျင်မြန်လွယ်ကူစွာ Installation လုပ်ဆောင်နိုင်ခြင်း
(၁၂) ပတ်ဝန်းကျင်ရှိလူအများအား တိုက်ရိုက်ထိခိုက်မှု Social Impact နည်းခြင်း
(၁၃) သေချာပြီးသပ်ရပ်တဲ့ Installation ဖြစ်ခြင်းစတဲ့အချက်တွေဖြစ်ပါတယ်။

Trenchless Pipe Renewal Technologies ဖြစ်တဲ့ဒီနည်းစနစ်အသစ်ဟာ တကယ်လက်တွေ့မှာ မျက်လှည့်တခုတော့မဟုတ်ဘဲ လိုအပ်တဲ့ Tools တွေကို မှန်ကန်စွာအသုံးချနိုင်တတ်ဖို့ပဲလိုအပ်ပါတယ်။ မိမိလုပ်ရမယ့် Project အားသေသေချာချာစဉ်းစားသုံးသပ်ပြီး ကောင်းမွန်သာလွန်တဲ့ အင်ဂျင်နီယာအတွေ့ကြုံအား မှန်ကန်တဲ့နည်းပညာနဲ့ပေါင်းစပ်လုပ်ဆောင်ပါက လိုအပ်သောအနေထားကောင်းကို ရရှိနိုင်ပါတယ်။

No comments:

Post a Comment