ပလာစတာအချောထည်ဆိုင်ရာ သတိပြုရန်အချက်များ

ယေဘုယျအားဖြင့် မျက်နှာပြင်ညီညာချောမွတ်ရပါမယ်။

အထက်ပုံတွင်တွေ့ရသော ဆေးသားကွာကျခြင်း, မြေဖြူမှုန့်ကဲ့သို့ဖြစ်နေခြင်း, အနာကဲ့သို့ဖောင်းကြွနေခြင်း မျိုးမရှိစေရန် လိုအပ်ပြီး ကောင်းမွန်သောဆေးသား ဖြစ်ရပါမယ်။

တစ်မီတာအကွာဝေးမှ ကြည့်ပါက ပလာစတာမျက်နှာပြင် အက်ကြောင်းမမြင်ရတဲ့ အခြေအနေ ရှိရပါမယ်။

ပလာစတာမျက်နှာပြင်တွင် ရေယိုစိမ့်ဝင်ခြင်း, ရေအစိုဓာတ်ကြောင့် စွန်းထင်းခြင်း, ပလာစတာ ဒါမှမဟုတ် ကွန်ကရစ်သား ကွာကျခြင်းမျိုးမရှိရပါ။

မျက်စိဖြင့်မြင်နိုင်သော ကြီးမားတဲ့အပျက်အစီး မရှိရပါ။

ထောင့်စွန်းထောင့်ချိုး မျက်နှာပြင်များတွင် ဖြစ်ပေါ်တတ်သော ပဲ့ထွက်နေသော အပျက်စီးမျိုး မရှိရပါ။

မျက်နှာကြက်တွင်ရှိသော Access Panel ကောင်းမွန်စွာ ဖွင့်နိုင်ပိတ်နိုင်ရပြီး စွန်းထင်းခြင်း မရှိရပါ။

မျက်နှာကြက်ပြားတစ်ခုနဲ့တစ်ခုဆက်သောနေရာတွင် လှိုင်းတွန့်ကဲ့သို့ ဖြစ်မနေရပါ။

ပလာစတာနံရံများရဲ့ ညီညာချောမွေ့မှုဟာ အလျား ၁.၂ မီတာတွင် ၀.၀၀၃ မီတာ ထက် ပိုလို့မရပါ။

ကြွေပြားနံရံများတွင် ကြီးမားသောအပျက်အစီး, ပဲ့ထွက်နေသည့်အနားစများ, အစွန်းအထင်းများ ကင်းရှင်းရပါမယ်။

ပလာစတာနံရံများရဲ့ 90 Degree ထောင့်မှန်ကျနေမှုဟာ အလျား ၀.၃၀၀ မီတာတွင် ၀.၀၀၄ မီတာထက် မပိုရပါ။

ပလာစတာနံရံများ ထောင့်မှန်ကျနေရပါမယ်။

ထောင့်မှန်ကျနေသော ပလာစတာနံရံများကို အဝေးမှမြင်တွေ့ရတဲ့ ပုံဖြစ်ပါတယ်။

၁.၅ မီတာအဝေးမှ မြင်တွေ့ရသော ပလာစတာနံရံအက်ကြောင်း ဖြစ်ပါတယ်။

ပလာစတာနံရံများရဲ့ ညီညာချောမွေ့မှု အလျား ၁.၂ မီတာတွင် ၀.၀၀၃ မီတာ ထက်ပိုနေခြင်းအား တိုင်းတာနေပုံဖြစ်ပါတယ်။

Bonding မကောင်းသော ပလာစတာနံရံများအား Kunckles ဖြင့်ခေါက်ပါက လိုဏ်သံ Hollow Sound ထွက်တတ်ပါတယ်။ ပမာဏသေးသော Hollow Plaster များအတွက် တော့မလိုအပ်ပါ။

ပလာစတာနံရံတွင် ပတ်တီး Internal Putty, မလိုအပ်သောဆေးစက် ထင်ကျန်မနေရပါ။

ဆေးသားကွာကျခြင်း, မြေဖြူမှုန့်ကဲ့သို့ဖြစ်နေခြင်း, အနာကဲ့သို့ဖောင်းကြွနေသော ပုံဖြစ်ပါတယ်။

မျက်နှာပြင်ညီညာစွာ ဆေးသုတ်ထားသော ပုံဖြစ်ပါတယ်။

အချောသတ် ပြန်လည်ပြုပြင် Touch Up ထားသောအနေထားကို မြင်ရသောပုံ ဖြစ်ပါတယ်။

မညီညာသော အရောင်မှိန်နေသည့် ဆေးသုတ်ထား ပုံဖြစ်တယ်။
No comments:
Post a Comment