Search This Blog

Sunday, November 28, 2010

Conquas နဲ့ Quality Marks အတွက်ဆောင်ရန်ရှောင်ရန်များ (၅)



တံခါးနဲ့အခြားအစိတ်ပိုင်းဆိုင်ရာသတိပြုရန်အချက်များ




နိမ့်ဆင်းနေပြီး ကွေးညွတ်နေသော တံခါးမဖြစ်ရပါ။




တံခါးတွင်ပါရှိရမည့် Iron Mongery များအစုံအလင် ပါရှိရပါမယ်။





နံရံမျက်နှာပြင်နဲ့အပြိုင် တည့်မတ်ပြီး ရေချိန်ညီရပါမယ်။





တံခါးဘောင်နဲ့ နံရံအကြားတွင် နေရာလပ်မဖြစ်ရပါ။






နေရာပေါ်မူတည်၍ တံခါးရွတ်နဲ့တံခါးဘောင်ပတ်လည်တွင် Fire Stop ပါရှိရပါမယ်။







ညံ့ဖျင်းသော ဆေးသုတ်လက်ရာဖြစ်ပြီး သံမှိုနဲ့ဆက်ရာများတွင် Sealant ထည့်ပေးရပါမယ်။






တံခါးဆက်များသည် ၅ မီလီမီတာ ထက်မပိုရပါ။




တံခါးရွတ်နဲ့ကြမ်းခင်း အကြား ၅ မီလီမီတာ ထက်မပိုသော နေရာလပ် ရှိရပါမယ်။




ကောင်းမွန်သော တံခါး Iron Mongery များ ဖြစ်ရပါမယ်။





ဆိုးရွားသော တံခါး Iron Mongery များ မဖြစ်ရပါ။




မျက်စိနဲ့မြင်နိုင်သော အပြစ်အနာမရှိတဲ့တံခါး ဖြစ်ရန်လိုအပ်ပါတယ်။




တံခါး Iron Mongery များတွင် ဆေးစက်အစွန်းထင်း မရှိရန်လိုအပ်ပါတယ်။





မှန်တံခါးများတွင် Gasket ပါရှိရန်လိုအပ်ပြီး သင့်လျော်သော Sealant ထည့်ပေးရပါမယ်။




တံခါးဘောင်များဟာ 90 Degree ထောင့်မှန်ကျနေရပါမယ်။





ကောင်းမွန်သော တံခါး Iron Mongery များ ဖြစ်ရပါမယ်။





အခြားသော အစိတ်အပိုင်းများဖြစ်သော Appliances များတွင် ညီညာသပ်ရပ်သော Pointing ဖြစ်ရန်လိုအပ်ပါတယ်။




Appliances များကောင်းမွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။





Appliances များတွင်သေသပ်သော နေရာလွတ်ရှိရပါမယ်။





Appliances များဖြစ်သော အဝတ်ဗီရိုနဲ့ ပြင်ခင်း Skirting အကြားရှိနေရာလွတ်တွင် Sealant ထည့်ပေးရပါမယ်။






Appliances များဖြစ်သော အဝတ်ဗီရိုနဲ့ မျက်နှာကျက်နံရံများဟာ ညီညာသော Pointing ဖြစ်နေရပါမယ်။

No comments:

Post a Comment