Search This Blog

Sunday, November 28, 2010

စင်ကာပူမှ နွားအတွေ့ကြုံများ (၁)

ကျွန်တော်ရဲ့ နွားအတွေ့ကြုံတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်မယ့်သူများရယ် လက်ရှိလုပ်နေစဲသူများ အတွက် ဝေမျှလိုက်ပါတယ်။ တကယ်တော့ နွားလို့ခေါ်တဲ့ (Clerk of Works) ရဲ့ရာဇဝင်ကို Wikipedia မှာပြန်ရှာကြည့်ရင်တော့ ဒီလိုရှိပါတယ်။ လွန်ခဲ့သော ဆယ့်သုံးရာစုလောက်က ခရစ်ယာန်ဘုန်းကြီး (Clerics or Clerks) တွေဟာဆောက်လုပ်ရေးလုပ်ငန်းခွင်က သူတွေထက် စာပေဗဟုသုတကြွယ်ဝတဲ့အတွက် ဘုရားကျောင်းနဲ့ဘာသာရေးအဆောက်ဦးတွေ ဆောက်လုပ်ရာတွင် ကြီးကြပ်ကွပ်ကဲစေပါတယ်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှလူများဟာ အလုပ်ကြောင်းတတ်သိနားလည်လာပြီး အထက်ပါနေရာတွင် ပါဝင်လာပေမယ့် နွားဆိုတဲ့နာမည်ကတော့ ပြောင်းမသွားပါဘူး။ ဆယ့်ကိုးရာစုလောက်မှာ နွားတွေရဲ့တာဝန်နဲ့နေရာဟာ ကျယ်ပြန့်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တော်တော်များများမှာ ပါဝင်လာကာ ဆောက်လုပ်ရေးလုပ်သက်အတွေ့ကြုံရှိပြီး ဗဟုသုတများသောသူများအဖြစ် အသိမှတ်ပြုလာကြတယ်။
စင်ကာပူရဲ့နွား (nowaday Resident Technical Officer, former name of Clerk of Works) သမိုင်းကတော့ Building & Construction Authority နဲ့အတူတရားဝင် ပေါ်ပေါက်လာပြီး အခုတော့ Institute of Engineer Singapore ရဲ့လက်အောက်မှာ ပေါပေါလောလောထုတ်ပေးနေတာ လေးထောင်ကျော်လောက် ရှိသွားပါပြီ။ ကျွန်တော်တို့က RTO ကျားကြီးတွေလို့ခေါ်တဲ့ စလုံးအဖိုးကြီးတွေဟာ ဈေးကွက်ထဲမှာပုံနေတဲ့ နိုင်ငံခြားသား RTO ကျားပေါက်လေးတွေဖြစ်တဲ့ ကျွန်တော်တို့ကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်ကြပေါ့။
ကျွန်တော့်အကြောင်းကို ပြောကြရအောင်။ လက်ထဲကိုနွားလက်မှတ် ရောက်လာပြီး မကြာလိုက်ဘူး သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ Housing & Development Board ရဲ့ Improvement Works ဟိုအရင်တုန်းကတော့ Repair & Redecoration လို့ခေါ်တဲ့ပရောဂျက်ကိုစရောက်ပါတယ်။ ဟိုအရင်ကတော့ အဲဒီလိုဟာမျိုးကို အင်မတန်မှသက်တောင့်သက်သာနဲ့ ပျင်းဖို့ကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် R&R ကို Rest & Relax လို့လဲ ခေါ်ကြပြန်တယ်။ ကျွန်တော်တို့ ကြီးကြပ်ရတဲ့အလုပ်ကတော့ HDB ရဲ့ Multi Storey Car Parks တွေဆေးသုတ်ပြီး အထွေထွေပြုပြင်မွမ်းမံရတဲ့ Improvement Works ဖြစ်ပါတယ်။ ပရောဂျက်တန်ဖိုးနည်းတဲ့အတွက် Consultant ဖက်မှာနွားသုံးယောက်, ပရောဂျက်အင်ဂျင်နီယာတစ်ယောက်နဲ့ Superintending Officer လို့ခေါ်တဲ့ Project Manager တစ်ယောက်ပဲ ရှိပါတယ်။ တစ်နှစ်နီးပါးလောက် RTO ကျားကြီးတွေနဲ့ အတူတူအလုပ်လုပ်ခဲ့ရပြီး သူတို့ဆီက နွားအတွေ့ကြုံဗဟုသုတကောင်းတွေ တော်တော်လေး ရလိုက်ပါတယ်။ နောက်ပိုင်းမှာ အလျင်းသင့်ရင် သင့်သလို ဖော်ပြပေးပါ့မယ်။

ဆောက်လုပ်ရေးအတွေ့ကြုံတလျောက်လုံး Contractor ဖက်မှာနေလာခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ Client ဖက်ကနေရပ်တည်ကာ သူတို့ကိုပြန်ပြီး မျက်စိဒေါက်ထောက်ပြီး ပြန်ကြည့်ရပြန်ပြီ။ နွားတော်တော်များများဟာ Architect, Consultant ဒါမှမဟုတ် Client ဖက်ကနေအများဆုံး လုပ်ကိုင်ကြပြီး တချို့သော Design & Build Project များတွင်ချွင်းချက်အနေနဲ့ Contractor ဖက်မှနေရပြီး ကိုယ့်လူတွေလုပ်သောအလုပ်ကို ကိုယ်ပြန်စစ်ရသောကြောင့် နည်းနည်းတော့ကသိကအောက် ဖြစ်ရပါတယ်။ Client ဖက်ကနွားကတော့ ပါဝါပိုကြီးပြီး ကျွန်တော်အရင်ကလုပ်ခဲ့တဲ့ ပရောဂျက်ကနွားဆိုရင် သူမကြိုက်တဲ့ စကျင်ကျောက်ပြားများအား Hacking ထိုး၍ခွာခိုင်းခြင်း, Marble Dry Lay အားအကြောင်းမဲ့ Reject လုပ်လေ့ရှိတယ်။ ကျောက်ပြားတွေကလဲ အရည်အသွေးညံ့ဖျင်းတဲ့ တရုပ်ကလာတာတွေ သုံးတာတွေလဲ ပါတာပေါ့လေ။
နွားတွေရဲ့ အဓိကအရေးကြီးသောအချက်မှာ မိမိ၏ Client အတွက် တန်ဖိုးရှိသောရင်းနှီးမြှပ်နှံမှု Value for Money အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တလျောက်တွင် အသုံးပြုသော ပစ္စည်းအမျိုးစားနဲ့အရည်အသွေးလက်ရာ အသေးစိတ်အား တင်းကြပ်စွာထိန်းချုပ် ခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နွားတွေရဲ့လုပ်ငန်းသဘာဝအရ Contractor ဖက်မှငှားရန်းတာဝန်ပေးခံရပါက မိမိ၏ရပ်တည်ချက် ပျောက်ဆုံးနိုင်ပြီး Client, Architect, Consultant ဖက်မှသာ အပြည့်အဝ လုပ်ဆောင်နိုင်ပါမယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ နေ့စဉ်မှတ်တမ်း Site Diary ထားရှိပြီး တစ်နေ့တာ၏ စစ်ဆေးရေးမှတ်တမ်း Inspection Record, ဧည့်သည်တော်စာရင်း Visitor to Site, လုပ်ငန်းခွင်လုံခြုံရေး Safety & Health, ရာသီဥတုမှတ်တမ်း Weather Condition တို့အား စနစ်တကျ သိမ်းထားသင့်ပါတယ်။
နွားတယောက်အနေနဲ့ အဓိကအရေးကြီးသောအချက် နောက်တစ်ခုမှာ မိမိဟာ Client ကိုကိုယ်စားပြုပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုသောပစ္စည်းအမျိုးစားနဲ့အရည်အသွေးဟာ Contract Specification, Contract Document မှာဖော်ပြထားတဲ့အတိုင်း လုပ်ငန်းခွင်တွင် လိုက်နာမှုရှိမရှိကို တရားခံစစ်သလို မျက်စေ့ဒေါက်ထောက်ပြီး ကြည့်နေရခြင်းမျိုးလဲ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြုံတွေ့ရသောပြဿနာ Non Compliance များအား အထက်ရှိ Resident Engineer, Professional Engineer, Resident Architect, Qualified Person တို့အားအဆင့်ဆင့် အကြောင်းကြား ရပါမယ်။ ပရောဂျက်ပမာဏ သေးသောနေရာများတွင် Project Engineer, Project Manager တို့အား အသိပေးအကြောင်းကြား ရပါမယ်။ နည်းပညာရပ်ဆိုင်ရာ ကွဲလွဲမှုများအား
မိမိအနေဖြင့်တစ်ဦးတည်း ဆုံးဖြတ်ခွင့်မရှိဘဲ အထက်အရာရှိအား လျင်မြန်စွာ အကြောင်းကြားရပါမယ်။ တချို့က နွားတွေအား လုပ်ငန်းခွင်အတွင်မှ Eyes of the Engineer ဟုလဲခေါ်ဆိုကြတယ်။
လုပ်ငန်းအနေအထားပေါ်မူတည်၍ တစ်ချို့နွားများဟာ အကြမ်းထည် Structural, အချောထည် Architectural ရေမီးဆိုင်ရာ Mechanical,Electrical & Plumbing စသဖြင့် သီးသန့်လွတ်လပ်စွာ တာဝန်ယူရပြီး များသောအားဖြင့် 2 in 1, 3 in 1 တစ်ချို့သောနေရာများတွင် All in 1 လုပ်ရတာမျိုးလဲ ရှိတတ်တယ်။ ကျွန်တော်လုပ်ခဲ့ရသော ပရောဂျက်တစ်ခုတုန်းကဆို တစ်ယောက်တည်းမှ
Architectural Inspection, Public Relationship, Quantity Survey for
Variable Order, Correspondences အားလုံးကို တစ်ကိုယ်တော် လုပ်ဆောင်ရပါတယ်။

လက်တွေ့လုပ်ငန်းခွင်တွင် စစ်ဆေးရေးမှတ်တမ်း Inspection Form အသေးစိတ် နည်းပညာရပ်ဆိုင်ရာ မှတ်တမ်း Checklist, နောက်ဆုံးအသုံးပြုရန် ထုတ်ပေးထားသော Approved Construction Drawing with Latest Revision တို့ကို မိမိစစ်ဆေးမည့်နေရာကိုယူဆောင်ပြီး စစ်ဆေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ပထမအကြိမ် First Inspection စစ်ဆေးရုံဖြင့် လက်သင့်ခံ အလုပ်လုပ်ခွင့်မပေးဘဲ ဒုတိယအကြိမ် Second Inspection ဒါမှမဟုတ် ပထမအကြိမ်စစ်ဆေးစဉ်က ညွှန်းကြားချက် Comments များအားလိုက်နာမှုရှိမရှိ အပေါ်လိုက်၍ အလုပ်ဆက်လုပ်ခွင့် ပြုပါတယ်။ ဟိုအရင်ခေတ်တွေတုန်းကဆိုရင် မနက်စောစော Inspection ခေါ်ပါက အမြဲအဆင်မပြေဖြစ်တတ်ပြီး ညနေစောင်းလေ နွားတွေအကြိုက်တွေ့လေပါပဲ။ ဘာလို့လဲဆိုတော့ အချိန်ပိုကြေးရတဲ့နွားတွေဟာ သူတို့အတွက်တော့ အချိန်နောက်ကြလေကောင်းလေ ဆိုတာမျိုးပေါ့။ နွားနဲ့ဆိုင်တဲ့ အောက်ဖော်ပြပါလင့်တွေကို သွားရောက်လေ့လာသင့်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment