Search This Blog

Sunday, November 28, 2010

Supervision on Structural Steel အကြောင်းသိကောင်းစရာများ (၁)



သိထားသင့်သောအခြေခံအချက်များ
Structural Steel ဒီဇိုင်းအခြေခံအားဖြင့် BS 5950 အပေါ်တွင်ရှိနေပြီး Ultimate Limit States နဲ့ Serviceability Limit States တို့ကိုလည်း ထည့်သွင်းစဉ်းစားတယ်။
Structural Failure မဖြစ်အောင် ULS အနေနဲ့ Strength (Yielding & Buckling), Stability (Overturning), Fatigue, Brittle Fracture နှင့် Structural Integrity တို့ပါဝင်ပြီး Factured Loads အဖြစ် rF≤R တွက်ယူတယ်။ နမူနာအနေဖြင့် Factor of Safety ကို (1.4 Dead Load + 1.6 Imposed Load) အဖြစ်ယူပြီး F အဖြစ် Service Load, r ဟာ Load Factor > 1, R ကို Resistance သတ်မှတ်ကြတယ်။
Discomfort နဲ့ Minor Cracks မဖြစ်အောင် Serviceability Limit States မှာတော့ Factored Load ကိုမသုံးဘဲ Service Load (Deflection, Vibration, Durability etc.) တစ်ခုပဲ သုံးတယ်။ Defelction Limit အဖြစ် Internal Beam <> 4 cycles/second ထက်မများအောင် လုပ်ရပါမယ်။

Structural Steel ရဲ့အားသာချက်များ

အခြားသောဆောက်လုပ်ရေး နည်းစနစ်များနဲ့ယှဉ်ပါက SS ရဲ့အဓိကအားသာချက်မှာ ပုံသဏ္ဌန် ကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ခြင်း, စဉ်ဆက်မပြတ် အဆင့်မြင့်ထုတ်လုပ်ခြင်း, ဆောက်လုပ်ရေးအရှိန်ဟုန် မြှင့်တင်နိုင်ခြင်း, စွမ်းအားနဲ့အလေးချိန် နှိုင်းယှဉ်ပါက အလေးချိန်ပေါ့ပါးပြီးစွမ်းအားပိုမိုခြင်း, အရည်သွေးမြင့်စွမ်းအားရှိခြင်းတို့ ဖြစ်ပါတယ်။ အဆင့်မြင့်ပုံသေအရည်သွေးဖြင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်ခြင်း, လိုအပ်သောပုံသဏ္ဌာန်အရည်သွေးဖြင့် ရွေးချယ်နိုင်ခြင်း, လုပ်ငန်းခွင်တွင်တည်ဆောက်တပ်ဆင်မှုနည်းစနစ် တိုးတက်ခြင်း, ဆောက်လုပ်မှုကာလမြန်ဆန်ခြင်း, အနာဂတ်တွင်တိုးချဲ့ဆောက်လုပ်မှု A&A (Addition & Alteration) အတွက်သုံးနိုင်ခြင်း, ခန်းဖွဲ့ကျယ်ကျယ်ဖြင့် ပေါ့ပါးစွာတည်ဆောက်နိုင်ခြင်း, ကောင်းမွန်တောင့်တင်းသောစွမ်းအားရှိခြင်း တို့ဟာလဲ သူ့ရဲ့အားသာချက်များ ဖြစ်ပါတယ်။

သတိပြုရန်အချက်များ

Structural Steel Members များတည်ဆောက်တပ်ဆင်ရာတွင် Structural Stability ဖြစ်စေရန်အတွက် Temporary Bracing & Safety Issues တို့ကိုထည့်သွင်း စဉ်းစားရပါတယ်။

Connections များရဲ့ အသေးစိတ်အချက်အလက်များ, သေချာလုံလောက်သော Bracing, တည်ဆောက်စဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သော Frame Instability နဲ့ Member Buckling များအားဂရုပြုရပါမယ်။
Joints ဆက်များနေနဲ့ Simple Joints, Rigid Joints, Welding Joints တို့ကိုအသေးစိတ် ဂရုပြုရပါမယ်။ Rigid Joints ဟာ Normal Pinned Joints ထက်ပိုမိုကုန်ကျပြီး Additional Stiffeners လိုအပ်သော Joints ဆက်များ, အချို့သော Connections အတွက် 45/60 Degree ထောင့်ချိုးရှိသော Special Jigs အတွက်တပ်ဆင်ထုတ်လုပ်ရသော Joints ဆက်များ, လုပ်ငန်းခွင်တွင်ပြုလုပ်ရသော Welded Joints များဟာ Bolted Joints ဆက်များထက် ပိုမိုကုန်ကျပါတယ်။

အသုံးများသော Structural Steel ပုံသဏ္ဌာန်များ

အထက်တွင်ဖော်ပြသော ပုံများဟာ အသုံးများသော Structural Steel Section များဖြစ်ပြီး Hollow Section Steel ကတော့ Normal Section Steel ထက် ၃၀% ပိုမိုကုန်ကျပါတယ်။
ဆောက်လုပ်ရေးစရိတ်လျှော့ချနိုင်ခြင်း
(၁) ထုတ်လုပ်တပ်ဆင်ခြင်းအပိုင်း

- ရိုးရှင်းသော Connections ဆက်များပြုလုပ်ခြင်း
- အရည်သွေးမြင့် Welding အားစက်ရုံတွင်ပြုလုပ်စေပြီး Bolting အားလုပ်ငန်းခွင်တွင် တပ်ဆင်ခြင်း
- အလွန်အမင်း Weld အားရှောင်ပြီး Butt Weld ထက်ကုန်ကျစရိတ်သက်သာသော Fillet Weld သုံးခြင်း
- Design Joints အား Section Capacity ထက် Calculated Forces အပေါ်တွင်အခြေခံခြင်း
- Structural Steel Members တပ်ဆင်မှုအစီစဉ်အား ကြိုတင်စီမံခန့်ခွဲခြင်း
- ရိုးရှင်းသောဆောက်လုပ်ရေးစနစ် Design အားအသုံးပြုခြင်း

(၂) သင့်တင့်သောကုန်ကြမ်းပစ္စည်းအသုံးပြုခြင်းအပိုင်း

- လိုအပ်သောကုန်ကြမ်းပစ္စည်းကိုသာ အသုံးပြုခြင်း
- စွမ်းအားမြင့်မားပြီး ပေါ့ပါးသော Steel အားအသုံးပြုခြင်း
- Hollow Section Steel များအားလျော့ချ အသုံးပြုခြင်း
- သင့်တင့်လျောက်ပတ်သော Design ဖြင့်စတင်ခြင်း

(၃) လက်တွေ့ဆန်သောဆောက်လုပ်ရေးအပိုင်း

- M&E, Superstructure, Substructure တို့အားပေါင်းစပ်လုပ်ဆောင်နိုင်ခြင်း
- ပေါ့ပါးပြီးစွမ်းအားမြင့် Steel အားအသုံးပြု၍ Foundation အပေါ်ဝန်အားကျရောက်မှုအားလျော့ချနိုင်ခြင်း
- ဆောက်လုပ်ရေးကာလ မြန်ဆန်ပြီး ရင်းနှီးမြှပ်နှံမှုစောလျင်စွာ ပြန်ရရှိနိုင်ခြင်း
- ပေါင်းစပ် ဖြင့်ကောင်းမွန်သော ဝန်ခံနိုင်စွမ်းအားအပြင် Structural Steel တွင်အရေးပါသော Fire Protection ကိုလုပ်ဆောင်နိုင်ခြင်း

နိဂုံးချုပ်အားဖြင့် Structural Steel ဟာအခြားသော Reinforcement Concrete, Precast Concrete Construction နဲ့နှိုင်းယှဉ်ပါက Buildability ဖြစ်ခြင်း, ဆောက်လုပ်ရေးကာလမြန်ဆန်ခြင်း, ပေါ့ပါးပြီး ပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း တို့ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးဆိုင်ရာအဆောက်ဦး, ခန်းဖွဲ့အလျားရှည်သောတံတား, စက်မှုထုတ်လုပ်ရာအဆောက်ဦး, ခန်းဖွဲ့ကျယ်သောအမိုး, အားကစားနဲ့အပန်းဖြေရာအဆောက်ဦးတို့တွင် ထိရောက်သောကုန်ကျစရိတ်ဖြင့် အသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါတယ်။

No comments:

Post a Comment