Search This Blog

Sunday, November 28, 2010

စင်ကာပူမှ နွားအတွေ့ကြုံများ (၁)

ကျွန်တော်ရဲ့ နွားအတွေ့ကြုံတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ဝင်မယ့်သူများရယ် လက်ရှိလုပ်နေစဲသူများ အတွက် ဝေမျှလိုက်ပါတယ်။ တကယ်တော့ နွားလို့ခေါ်တဲ့ (Clerk of Works) ရဲ့ရာဇဝင်ကို Wikipedia မှာပြန်ရှာကြည့်ရင်တော့ ဒီလိုရှိပါတယ်။ လွန်ခဲ့သော ဆယ့်သုံးရာစုလောက်က ခရစ်ယာန်ဘုန်းကြီး (Clerics or Clerks) တွေဟာဆောက်လုပ်ရေးလုပ်ငန်းခွင်က သူတွေထက် စာပေဗဟုသုတကြွယ်ဝတဲ့အတွက် ဘုရားကျောင်းနဲ့ဘာသာရေးအဆောက်ဦးတွေ ဆောက်လုပ်ရာတွင် ကြီးကြပ်ကွပ်ကဲစေပါတယ်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှလူများဟာ အလုပ်ကြောင်းတတ်သိနားလည်လာပြီး အထက်ပါနေရာတွင် ပါဝင်လာပေမယ့် နွားဆိုတဲ့နာမည်ကတော့ ပြောင်းမသွားပါဘူး။ ဆယ့်ကိုးရာစုလောက်မှာ နွားတွေရဲ့တာဝန်နဲ့နေရာဟာ ကျယ်ပြန့်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တော်တော်များများမှာ ပါဝင်လာကာ ဆောက်လုပ်ရေးလုပ်သက်အတွေ့ကြုံရှိပြီး ဗဟုသုတများသောသူများအဖြစ် အသိမှတ်ပြုလာကြတယ်။
စင်ကာပူရဲ့နွား (nowaday Resident Technical Officer, former name of Clerk of Works) သမိုင်းကတော့ Building & Construction Authority နဲ့အတူတရားဝင် ပေါ်ပေါက်လာပြီး အခုတော့ Institute of Engineer Singapore ရဲ့လက်အောက်မှာ ပေါပေါလောလောထုတ်ပေးနေတာ လေးထောင်ကျော်လောက် ရှိသွားပါပြီ။ ကျွန်တော်တို့က RTO ကျားကြီးတွေလို့ခေါ်တဲ့ စလုံးအဖိုးကြီးတွေဟာ ဈေးကွက်ထဲမှာပုံနေတဲ့ နိုင်ငံခြားသား RTO ကျားပေါက်လေးတွေဖြစ်တဲ့ ကျွန်တော်တို့ကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်ကြပေါ့။
ကျွန်တော့်အကြောင်းကို ပြောကြရအောင်။ လက်ထဲကိုနွားလက်မှတ် ရောက်လာပြီး မကြာလိုက်ဘူး သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ Housing & Development Board ရဲ့ Improvement Works ဟိုအရင်တုန်းကတော့ Repair & Redecoration လို့ခေါ်တဲ့ပရောဂျက်ကိုစရောက်ပါတယ်။ ဟိုအရင်ကတော့ အဲဒီလိုဟာမျိုးကို အင်မတန်မှသက်တောင့်သက်သာနဲ့ ပျင်းဖို့ကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် R&R ကို Rest & Relax လို့လဲ ခေါ်ကြပြန်တယ်။ ကျွန်တော်တို့ ကြီးကြပ်ရတဲ့အလုပ်ကတော့ HDB ရဲ့ Multi Storey Car Parks တွေဆေးသုတ်ပြီး အထွေထွေပြုပြင်မွမ်းမံရတဲ့ Improvement Works ဖြစ်ပါတယ်။ ပရောဂျက်တန်ဖိုးနည်းတဲ့အတွက် Consultant ဖက်မှာနွားသုံးယောက်, ပရောဂျက်အင်ဂျင်နီယာတစ်ယောက်နဲ့ Superintending Officer လို့ခေါ်တဲ့ Project Manager တစ်ယောက်ပဲ ရှိပါတယ်။ တစ်နှစ်နီးပါးလောက် RTO ကျားကြီးတွေနဲ့ အတူတူအလုပ်လုပ်ခဲ့ရပြီး သူတို့ဆီက နွားအတွေ့ကြုံဗဟုသုတကောင်းတွေ တော်တော်လေး ရလိုက်ပါတယ်။ နောက်ပိုင်းမှာ အလျင်းသင့်ရင် သင့်သလို ဖော်ပြပေးပါ့မယ်။

ဆောက်လုပ်ရေးအတွေ့ကြုံတလျောက်လုံး Contractor ဖက်မှာနေလာခဲ့တဲ့ ကျွန်တော်ဟာ အခုတော့ Client ဖက်ကနေရပ်တည်ကာ သူတို့ကိုပြန်ပြီး မျက်စိဒေါက်ထောက်ပြီး ပြန်ကြည့်ရပြန်ပြီ။ နွားတော်တော်များများဟာ Architect, Consultant ဒါမှမဟုတ် Client ဖက်ကနေအများဆုံး လုပ်ကိုင်ကြပြီး တချို့သော Design & Build Project များတွင်ချွင်းချက်အနေနဲ့ Contractor ဖက်မှနေရပြီး ကိုယ့်လူတွေလုပ်သောအလုပ်ကို ကိုယ်ပြန်စစ်ရသောကြောင့် နည်းနည်းတော့ကသိကအောက် ဖြစ်ရပါတယ်။ Client ဖက်ကနွားကတော့ ပါဝါပိုကြီးပြီး ကျွန်တော်အရင်ကလုပ်ခဲ့တဲ့ ပရောဂျက်ကနွားဆိုရင် သူမကြိုက်တဲ့ စကျင်ကျောက်ပြားများအား Hacking ထိုး၍ခွာခိုင်းခြင်း, Marble Dry Lay အားအကြောင်းမဲ့ Reject လုပ်လေ့ရှိတယ်။ ကျောက်ပြားတွေကလဲ အရည်အသွေးညံ့ဖျင်းတဲ့ တရုပ်ကလာတာတွေ သုံးတာတွေလဲ ပါတာပေါ့လေ။
နွားတွေရဲ့ အဓိကအရေးကြီးသောအချက်မှာ မိမိ၏ Client အတွက် တန်ဖိုးရှိသောရင်းနှီးမြှပ်နှံမှု Value for Money အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တလျောက်တွင် အသုံးပြုသော ပစ္စည်းအမျိုးစားနဲ့အရည်အသွေးလက်ရာ အသေးစိတ်အား တင်းကြပ်စွာထိန်းချုပ် ခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နွားတွေရဲ့လုပ်ငန်းသဘာဝအရ Contractor ဖက်မှငှားရန်းတာဝန်ပေးခံရပါက မိမိ၏ရပ်တည်ချက် ပျောက်ဆုံးနိုင်ပြီး Client, Architect, Consultant ဖက်မှသာ အပြည့်အဝ လုပ်ဆောင်နိုင်ပါမယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ နေ့စဉ်မှတ်တမ်း Site Diary ထားရှိပြီး တစ်နေ့တာ၏ စစ်ဆေးရေးမှတ်တမ်း Inspection Record, ဧည့်သည်တော်စာရင်း Visitor to Site, လုပ်ငန်းခွင်လုံခြုံရေး Safety & Health, ရာသီဥတုမှတ်တမ်း Weather Condition တို့အား စနစ်တကျ သိမ်းထားသင့်ပါတယ်။
နွားတယောက်အနေနဲ့ အဓိကအရေးကြီးသောအချက် နောက်တစ်ခုမှာ မိမိဟာ Client ကိုကိုယ်စားပြုပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုသောပစ္စည်းအမျိုးစားနဲ့အရည်အသွေးဟာ Contract Specification, Contract Document မှာဖော်ပြထားတဲ့အတိုင်း လုပ်ငန်းခွင်တွင် လိုက်နာမှုရှိမရှိကို တရားခံစစ်သလို မျက်စေ့ဒေါက်ထောက်ပြီး ကြည့်နေရခြင်းမျိုးလဲ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြုံတွေ့ရသောပြဿနာ Non Compliance များအား အထက်ရှိ Resident Engineer, Professional Engineer, Resident Architect, Qualified Person တို့အားအဆင့်ဆင့် အကြောင်းကြား ရပါမယ်။ ပရောဂျက်ပမာဏ သေးသောနေရာများတွင် Project Engineer, Project Manager တို့အား အသိပေးအကြောင်းကြား ရပါမယ်။ နည်းပညာရပ်ဆိုင်ရာ ကွဲလွဲမှုများအား
မိမိအနေဖြင့်တစ်ဦးတည်း ဆုံးဖြတ်ခွင့်မရှိဘဲ အထက်အရာရှိအား လျင်မြန်စွာ အကြောင်းကြားရပါမယ်။ တချို့က နွားတွေအား လုပ်ငန်းခွင်အတွင်မှ Eyes of the Engineer ဟုလဲခေါ်ဆိုကြတယ်။
လုပ်ငန်းအနေအထားပေါ်မူတည်၍ တစ်ချို့နွားများဟာ အကြမ်းထည် Structural, အချောထည် Architectural ရေမီးဆိုင်ရာ Mechanical,Electrical & Plumbing စသဖြင့် သီးသန့်လွတ်လပ်စွာ တာဝန်ယူရပြီး များသောအားဖြင့် 2 in 1, 3 in 1 တစ်ချို့သောနေရာများတွင် All in 1 လုပ်ရတာမျိုးလဲ ရှိတတ်တယ်။ ကျွန်တော်လုပ်ခဲ့ရသော ပရောဂျက်တစ်ခုတုန်းကဆို တစ်ယောက်တည်းမှ
Architectural Inspection, Public Relationship, Quantity Survey for
Variable Order, Correspondences အားလုံးကို တစ်ကိုယ်တော် လုပ်ဆောင်ရပါတယ်။

လက်တွေ့လုပ်ငန်းခွင်တွင် စစ်ဆေးရေးမှတ်တမ်း Inspection Form အသေးစိတ် နည်းပညာရပ်ဆိုင်ရာ မှတ်တမ်း Checklist, နောက်ဆုံးအသုံးပြုရန် ထုတ်ပေးထားသော Approved Construction Drawing with Latest Revision တို့ကို မိမိစစ်ဆေးမည့်နေရာကိုယူဆောင်ပြီး စစ်ဆေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ပထမအကြိမ် First Inspection စစ်ဆေးရုံဖြင့် လက်သင့်ခံ အလုပ်လုပ်ခွင့်မပေးဘဲ ဒုတိယအကြိမ် Second Inspection ဒါမှမဟုတ် ပထမအကြိမ်စစ်ဆေးစဉ်က ညွှန်းကြားချက် Comments များအားလိုက်နာမှုရှိမရှိ အပေါ်လိုက်၍ အလုပ်ဆက်လုပ်ခွင့် ပြုပါတယ်။ ဟိုအရင်ခေတ်တွေတုန်းကဆိုရင် မနက်စောစော Inspection ခေါ်ပါက အမြဲအဆင်မပြေဖြစ်တတ်ပြီး ညနေစောင်းလေ နွားတွေအကြိုက်တွေ့လေပါပဲ။ ဘာလို့လဲဆိုတော့ အချိန်ပိုကြေးရတဲ့နွားတွေဟာ သူတို့အတွက်တော့ အချိန်နောက်ကြလေကောင်းလေ ဆိုတာမျိုးပေါ့။ နွားနဲ့ဆိုင်တဲ့ အောက်ဖော်ပြပါလင့်တွေကို သွားရောက်လေ့လာသင့်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Supervision on Structural Steel အကြောင်းသိကောင်းစရာများ (၁)



သိထားသင့်သောအခြေခံအချက်များ
Structural Steel ဒီဇိုင်းအခြေခံအားဖြင့် BS 5950 အပေါ်တွင်ရှိနေပြီး Ultimate Limit States နဲ့ Serviceability Limit States တို့ကိုလည်း ထည့်သွင်းစဉ်းစားတယ်။
Structural Failure မဖြစ်အောင် ULS အနေနဲ့ Strength (Yielding & Buckling), Stability (Overturning), Fatigue, Brittle Fracture နှင့် Structural Integrity တို့ပါဝင်ပြီး Factured Loads အဖြစ် rF≤R တွက်ယူတယ်။ နမူနာအနေဖြင့် Factor of Safety ကို (1.4 Dead Load + 1.6 Imposed Load) အဖြစ်ယူပြီး F အဖြစ် Service Load, r ဟာ Load Factor > 1, R ကို Resistance သတ်မှတ်ကြတယ်။
Discomfort နဲ့ Minor Cracks မဖြစ်အောင် Serviceability Limit States မှာတော့ Factored Load ကိုမသုံးဘဲ Service Load (Deflection, Vibration, Durability etc.) တစ်ခုပဲ သုံးတယ်။ Defelction Limit အဖြစ် Internal Beam <> 4 cycles/second ထက်မများအောင် လုပ်ရပါမယ်။

Structural Steel ရဲ့အားသာချက်များ

အခြားသောဆောက်လုပ်ရေး နည်းစနစ်များနဲ့ယှဉ်ပါက SS ရဲ့အဓိကအားသာချက်မှာ ပုံသဏ္ဌန် ကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ခြင်း, စဉ်ဆက်မပြတ် အဆင့်မြင့်ထုတ်လုပ်ခြင်း, ဆောက်လုပ်ရေးအရှိန်ဟုန် မြှင့်တင်နိုင်ခြင်း, စွမ်းအားနဲ့အလေးချိန် နှိုင်းယှဉ်ပါက အလေးချိန်ပေါ့ပါးပြီးစွမ်းအားပိုမိုခြင်း, အရည်သွေးမြင့်စွမ်းအားရှိခြင်းတို့ ဖြစ်ပါတယ်။ အဆင့်မြင့်ပုံသေအရည်သွေးဖြင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်ခြင်း, လိုအပ်သောပုံသဏ္ဌာန်အရည်သွေးဖြင့် ရွေးချယ်နိုင်ခြင်း, လုပ်ငန်းခွင်တွင်တည်ဆောက်တပ်ဆင်မှုနည်းစနစ် တိုးတက်ခြင်း, ဆောက်လုပ်မှုကာလမြန်ဆန်ခြင်း, အနာဂတ်တွင်တိုးချဲ့ဆောက်လုပ်မှု A&A (Addition & Alteration) အတွက်သုံးနိုင်ခြင်း, ခန်းဖွဲ့ကျယ်ကျယ်ဖြင့် ပေါ့ပါးစွာတည်ဆောက်နိုင်ခြင်း, ကောင်းမွန်တောင့်တင်းသောစွမ်းအားရှိခြင်း တို့ဟာလဲ သူ့ရဲ့အားသာချက်များ ဖြစ်ပါတယ်။

သတိပြုရန်အချက်များ

Structural Steel Members များတည်ဆောက်တပ်ဆင်ရာတွင် Structural Stability ဖြစ်စေရန်အတွက် Temporary Bracing & Safety Issues တို့ကိုထည့်သွင်း စဉ်းစားရပါတယ်။

Connections များရဲ့ အသေးစိတ်အချက်အလက်များ, သေချာလုံလောက်သော Bracing, တည်ဆောက်စဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သော Frame Instability နဲ့ Member Buckling များအားဂရုပြုရပါမယ်။
Joints ဆက်များနေနဲ့ Simple Joints, Rigid Joints, Welding Joints တို့ကိုအသေးစိတ် ဂရုပြုရပါမယ်။ Rigid Joints ဟာ Normal Pinned Joints ထက်ပိုမိုကုန်ကျပြီး Additional Stiffeners လိုအပ်သော Joints ဆက်များ, အချို့သော Connections အတွက် 45/60 Degree ထောင့်ချိုးရှိသော Special Jigs အတွက်တပ်ဆင်ထုတ်လုပ်ရသော Joints ဆက်များ, လုပ်ငန်းခွင်တွင်ပြုလုပ်ရသော Welded Joints များဟာ Bolted Joints ဆက်များထက် ပိုမိုကုန်ကျပါတယ်။

အသုံးများသော Structural Steel ပုံသဏ္ဌာန်များ

အထက်တွင်ဖော်ပြသော ပုံများဟာ အသုံးများသော Structural Steel Section များဖြစ်ပြီး Hollow Section Steel ကတော့ Normal Section Steel ထက် ၃၀% ပိုမိုကုန်ကျပါတယ်။
ဆောက်လုပ်ရေးစရိတ်လျှော့ချနိုင်ခြင်း
(၁) ထုတ်လုပ်တပ်ဆင်ခြင်းအပိုင်း

- ရိုးရှင်းသော Connections ဆက်များပြုလုပ်ခြင်း
- အရည်သွေးမြင့် Welding အားစက်ရုံတွင်ပြုလုပ်စေပြီး Bolting အားလုပ်ငန်းခွင်တွင် တပ်ဆင်ခြင်း
- အလွန်အမင်း Weld အားရှောင်ပြီး Butt Weld ထက်ကုန်ကျစရိတ်သက်သာသော Fillet Weld သုံးခြင်း
- Design Joints အား Section Capacity ထက် Calculated Forces အပေါ်တွင်အခြေခံခြင်း
- Structural Steel Members တပ်ဆင်မှုအစီစဉ်အား ကြိုတင်စီမံခန့်ခွဲခြင်း
- ရိုးရှင်းသောဆောက်လုပ်ရေးစနစ် Design အားအသုံးပြုခြင်း

(၂) သင့်တင့်သောကုန်ကြမ်းပစ္စည်းအသုံးပြုခြင်းအပိုင်း

- လိုအပ်သောကုန်ကြမ်းပစ္စည်းကိုသာ အသုံးပြုခြင်း
- စွမ်းအားမြင့်မားပြီး ပေါ့ပါးသော Steel အားအသုံးပြုခြင်း
- Hollow Section Steel များအားလျော့ချ အသုံးပြုခြင်း
- သင့်တင့်လျောက်ပတ်သော Design ဖြင့်စတင်ခြင်း

(၃) လက်တွေ့ဆန်သောဆောက်လုပ်ရေးအပိုင်း

- M&E, Superstructure, Substructure တို့အားပေါင်းစပ်လုပ်ဆောင်နိုင်ခြင်း
- ပေါ့ပါးပြီးစွမ်းအားမြင့် Steel အားအသုံးပြု၍ Foundation အပေါ်ဝန်အားကျရောက်မှုအားလျော့ချနိုင်ခြင်း
- ဆောက်လုပ်ရေးကာလ မြန်ဆန်ပြီး ရင်းနှီးမြှပ်နှံမှုစောလျင်စွာ ပြန်ရရှိနိုင်ခြင်း
- ပေါင်းစပ် ဖြင့်ကောင်းမွန်သော ဝန်ခံနိုင်စွမ်းအားအပြင် Structural Steel တွင်အရေးပါသော Fire Protection ကိုလုပ်ဆောင်နိုင်ခြင်း

နိဂုံးချုပ်အားဖြင့် Structural Steel ဟာအခြားသော Reinforcement Concrete, Precast Concrete Construction နဲ့နှိုင်းယှဉ်ပါက Buildability ဖြစ်ခြင်း, ဆောက်လုပ်ရေးကာလမြန်ဆန်ခြင်း, ပေါ့ပါးပြီး ပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း တို့ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးဆိုင်ရာအဆောက်ဦး, ခန်းဖွဲ့အလျားရှည်သောတံတား, စက်မှုထုတ်လုပ်ရာအဆောက်ဦး, ခန်းဖွဲ့ကျယ်သောအမိုး, အားကစားနဲ့အပန်းဖြေရာအဆောက်ဦးတို့တွင် ထိရောက်သောကုန်ကျစရိတ်ဖြင့် အသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါတယ်။

Conquas နဲ့ Quality Marks အတွက်ဆောင်ရန်ရှောင်ရန်များ (၆)



ပြတင်းပေါက်နဲ့ အခြားအစိတ်ပိုင်းဆိုင်ရာသတိပြုရန်အချက်များ




ပြတင်းပေါက်များတွင် မိုးရေမဝင်နိုင်ရပါ။






ပြတင်းတံခါးရွတ် အကြားရှိ နေရာလွတ်များသည် ၅ မီလီမီတာ ထက်မပိုရပါ။




ပြတင်းတံခါးဘောင်နဲ့မှန် များတွင် ဆေးစက်, ပလာစတာ အစွန်းထင်း မရှိရန်လိုအပ်ပါတယ်။




တရုတ်ကတ်မှန်များ အချိုးကျသောအတိုင်းတာ ရှိရပါမယ်။




မညီညာမသပ်ရပ်သော Pointing ပုံဖြစ်ပါတယ်။




အပြစ်အနာများသော အနေထားပုံ ဖြစ်ပါတယ်။





နံရံမျက်နှာပြင်နဲ့အပြိုင် တည့်မတ်ပြီး ရေချိန်ညီရပါမယ်။





ပြတင်းတံခါးဘောင်နဲ့ နံရံအကြားတွင် နေရာလပ်မဖြစ်ရပါ။





အဖွင့်အပိတ် အဆင်ပြေရပါမယ်။





ပြတင်းတံခါးဘောင်နဲ့မှန် များတွင် ဆေးစက်, ပလာစတာ အစွန်းထင်း မရှိရဘဲ လိုအပ်သောနေရာတွင် Sealant ထည့်ပေးရပါမယ်။




လက်ရန်းများတွင် ဆေးစက်, ပလာစတာ အစွန်းထင်း မရှိရန်လိုအပ်ပါတယ်။





လက်ရန်းများရဲ့တည့်မတ်မှုဟာ အမြင့် ၁မီတာမှာ တိမ်းစောင်းမှု ၃မီလီမီတာ ထက်မပိုရပါ။




သေသပ်ပြီးမျက်နှာပြင်ညီသော ဝရိန်အဆက် ဖြစ်ရပါမယ်။





M&E ဆိုင်ရာအသုံးဆောင်များ တပ်ဆင်ရာတွင် တည့်မတ်ရပါမယ်။





မတည့်မတ်သော M&E ဆိုင်ရာအသုံးဆောင်များ တပ်ဆင်ထားပုံ ဖြစ်ပါတယ်။




မတည့်မတ်သော M&E ဆိုင်ရာအသုံးဆောင်များ တပ်ဆင်ထားပုံ ဖြစ်ပါတယ်။





M&E ဆိုင်ရာအသုံးဆောင်များတွင် ဆေးစက်, ပလာစတာ အစွန်းထင်း မရှိရန်လိုအပ်ပါတယ်။





Pointing မညီညာသော M&E ဆိုင်ရာအသုံးဆောင်များ တပ်ဆင်ထားပုံ ဖြစ်ပါတယ်။





မသေသပ်သော M&E ဆိုင်ရာအသုံးဆောင်များ တပ်ဆင်ထားပုံ ဖြစ်ပါတယ်။





ဝိုင်ယာများ တွဲလောင်းကျမနေရပါ။







မျက်စိဖြင့်မြင်နိုင်သော အပြစ်အနာမရှိရပါ။

Conquas နဲ့ Quality Marks အတွက်ဆောင်ရန်ရှောင်ရန်များ (၅)



တံခါးနဲ့အခြားအစိတ်ပိုင်းဆိုင်ရာသတိပြုရန်အချက်များ




နိမ့်ဆင်းနေပြီး ကွေးညွတ်နေသော တံခါးမဖြစ်ရပါ။




တံခါးတွင်ပါရှိရမည့် Iron Mongery များအစုံအလင် ပါရှိရပါမယ်။





နံရံမျက်နှာပြင်နဲ့အပြိုင် တည့်မတ်ပြီး ရေချိန်ညီရပါမယ်။





တံခါးဘောင်နဲ့ နံရံအကြားတွင် နေရာလပ်မဖြစ်ရပါ။






နေရာပေါ်မူတည်၍ တံခါးရွတ်နဲ့တံခါးဘောင်ပတ်လည်တွင် Fire Stop ပါရှိရပါမယ်။







ညံ့ဖျင်းသော ဆေးသုတ်လက်ရာဖြစ်ပြီး သံမှိုနဲ့ဆက်ရာများတွင် Sealant ထည့်ပေးရပါမယ်။






တံခါးဆက်များသည် ၅ မီလီမီတာ ထက်မပိုရပါ။




တံခါးရွတ်နဲ့ကြမ်းခင်း အကြား ၅ မီလီမီတာ ထက်မပိုသော နေရာလပ် ရှိရပါမယ်။




ကောင်းမွန်သော တံခါး Iron Mongery များ ဖြစ်ရပါမယ်။





ဆိုးရွားသော တံခါး Iron Mongery များ မဖြစ်ရပါ။




မျက်စိနဲ့မြင်နိုင်သော အပြစ်အနာမရှိတဲ့တံခါး ဖြစ်ရန်လိုအပ်ပါတယ်။




တံခါး Iron Mongery များတွင် ဆေးစက်အစွန်းထင်း မရှိရန်လိုအပ်ပါတယ်။





မှန်တံခါးများတွင် Gasket ပါရှိရန်လိုအပ်ပြီး သင့်လျော်သော Sealant ထည့်ပေးရပါမယ်။




တံခါးဘောင်များဟာ 90 Degree ထောင့်မှန်ကျနေရပါမယ်။





ကောင်းမွန်သော တံခါး Iron Mongery များ ဖြစ်ရပါမယ်။





အခြားသော အစိတ်အပိုင်းများဖြစ်သော Appliances များတွင် ညီညာသပ်ရပ်သော Pointing ဖြစ်ရန်လိုအပ်ပါတယ်။




Appliances များကောင်းမွန်စွာ လုပ်ဆောင်နိုင်ရပါမယ်။





Appliances များတွင်သေသပ်သော နေရာလွတ်ရှိရပါမယ်။





Appliances များဖြစ်သော အဝတ်ဗီရိုနဲ့ ပြင်ခင်း Skirting အကြားရှိနေရာလွတ်တွင် Sealant ထည့်ပေးရပါမယ်။






Appliances များဖြစ်သော အဝတ်ဗီရိုနဲ့ မျက်နှာကျက်နံရံများဟာ ညီညာသော Pointing ဖြစ်နေရပါမယ်။

Conquas နဲ့ Quality Marks အတွက်ဆောင်ရန်ရှောင်ရန်များ (၄)





သစ်သားပြင်ခင်းဆိုင်ရာသတိပြုရန်အချက်များ




Cracks အစင်းကြောင်း, Wood with Knots သစ်မျက်စိ အစရှိသော အပြစ်အနာမရှိတဲ့ သစ်သားပြင်ခင်းပုံ ဖြစ်ပါတယ်။





သစ်သားပြင်ခင်း အဆက်များကြားတွင် နေရာလပ်မရှိရပါ။






သစ်သားပြားကြမ်းခင်းများရဲ့ ညီညာချောမွေ့မှုဟာ အလျား ၁.၂ မီတာတွင် ၀.၀၀၃ မီတာ ထက် ပိုလို့မရပါ။



အထူအပါးမညီညာနေရာလပ်နေသော သစ်သားပြင်ခင်း Skirting ပုံဖြစ်ပါတယ်။




အစွန်းအထင်းအပြစ်အနာ မရှိသော သစ်သားကြမ်းခင်း ပုံဖြစ်ပါတယ်။




ညီညာသော ပြင်ပြားကြမ်းခင်း အရောင်အသွေး ပုံဖြစ်ပါတယ်။





မညီညာသော ပြင်ပြားကြမ်းခင်း အရောင်အသွေး ပုံဖြစ်ပါတယ်။





ကောင်းမွန်သော သစ်သားပြင်ခင်း အဆက်နဲ့ ဆိုးရွားသော ပြင်ခင်းအဆက် ပုံဖြစ်ပါတယ်။






သစ်သားပြင်ခင်း အဆက်များနဲ့ Skirting ကြားတွင် နေရာလပ်မရှိရပါ။






ကောင်းသောအချောသတ် ပြင်ခင်းဖြစ်ပြီး ဆေးစက်မထင်ကျန်ရပါ။






ညီညာသော ပြင်ပြားကြမ်းခင်း အရောင်အသွေး ပုံဖြစ်ရန် လိုအပ်ပါတယ်။





သစ်သားပြားကြမ်းခင်းများရဲ့ ညီညာချောမွေ့မှုဟာ အလျား ၁.၂ မီတာတွင် ၀.၀၀၃ မီတာ ထက် ပိုလို့မရပါ။









Cracks အစင်းကြောင်း, Wood with Knots သစ်မျက်စိ အစရှိသော အပြစ်အနာမရှိတဲ့ သစ်သားပြင်ခင်း ဖြစ်ရန်လိုအပ်ပါတယ်။






အပြစ်အနာမရှိတဲ့ သစ်သားပြင်ခင်း ဖြစ်ရန်လိုအပ်ပါတယ်။