Search This Blog

Sunday, December 19, 2010

Supervision on Structural Steel အကြောင်းသိကောင်းစရာများ (၂)



Steel History
စတီးရဲ့သမိုင်းအကြောင်းပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ 2900 BC လောက်တည်းက လူ့အသုံးအဆောင်ရှေးဟောင်းပစ္စည်းအဖြစ်နဲ့ အီဂျစ်ပြည်မှာတွေ့နေရပါတယ်။ ကြေးခေတ်လောက်မှာ သံသတ္တုကိုစတင်တွေ့ရှိပြီး သံခေတ်ရောက်လာတဲ့အချိန် သံထည်ပစ္စည်းနေနဲ့ ကောင်းကောင်းအသုံးပြုနေကြပါပြီ။ အဲဒီနောက် ၁၃ရာစုခန့်မှာ အမြောက်လက်နက်များ ထုတ်လုပ်ရာမှာတွင်တွင်ကျယ်ကျယ်လာကြပြီး ၁၉ရာစုမှာတော့ မီးရထားသံလမ်း၊ သင်္ဘောတည်ဆောက်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများ၊ ကာကွယ်ရေးစစ်လက်နက်များကြောင့် မရှိမဖြစ်တော့တဲ့အနေထားနဲ့ အရေးပါလာခဲ့ပါတယ်။ အဲဒီလိုနဲ့ ၁၉၇၀လောက်မှာ ပေါ်ပေါက်လာတဲ့ Basic Oxygen Steelmaking (BOS) နည်းစနစ်ဟာ ဒီကနေ့ခေတ်စတီးထုတ်လုပ်ရေးအပိုင်းမှာ အဓိကပါဝင်လာပါတယ်။


Blast Furnace ရဲ့အသေးစိတ်ပုံဖြစ်ပါတယ်။

I-Beam တွေမှာ ကာဗွန်ပါဝင်မှု ၀.၁၀ ကနေ ၀.၂၅% ရှိတဲ့အတွက် Low Carbon Steel အဖြစ်သတ်မှတ်ပြီး RC Structure တွေမှာအသုံးပြုနေကြတဲ့သံချောင်း Rebar တွေမှာတော့ ကာဗွန်ပါဝင်မှု ၀.၂၅ ကနေ ၀.၄၅% ရှိတဲ့အတွက် Medium Carbon Steel အဆင့်အဖြစ်သတ်မှတ်ကြပါတယ်။ Post Tension System တွေမှာတွေ့ရတတ်တဲ့ Tendon တွေမှာကြတော့ ကာဗွန်ပါဝင်မှု ၀.၄၅ ကနေ ၂.၀% အထိရှိတဲ့အတွက် High Carbon Steel အဖြစ်ခေါ်ကြပါတယ်။ High strength Low Alloy Steel မှာတော့ ကာဗွန်ပါဝင်မှု ၀.၀၅ ကနေ ၀.၂၅% ရှိနေနိုင်တဲ့အတွက် Weldability ကောင်းတဲ့ Stainless Steel အမျိုးအစားအဖြစ်သတ်မှတ်ပြီး Engine Block စတဲ့စက်ပိုင်းဆိုင်ရာမှာသုံးတဲ့ Steel တွေမှာတော့ ကာဗွန်ပါဝင်မှု ၂.၅ ကနေ ၄.၅% ရှိတဲ့အထိမာကြောပြီး Cast Iron အနေနဲ့ခေါ်ကြပါတယ်။





Hot Roll Structural Steel အမျိုးအစားရဲ့ Standard နဲ့ Steel Grade ကိုခွဲခြားပြသောပုံဖြစ်ပြီး Yield Stress နဲ့ Ultimate Tensile Stress ကတော့ Strength ကိုရည်ညွှန်းပြီး Fracture ကြောင့်ဖြစ်တဲ့ Elongation ကတော့ Ductility ကိုဖော်ပြပါတယ်။




Tensile Property ကိုစမ်းသပ်ပြသောပုံဖြစ်ပါတယ်။





စတီးရဲ့မာကြောခိုင်ခန့်မှုအကျိုးသက်ရောက်မှုအား တိုင်းတာသော Charpy Value ပုံဖြစ်ပြီး Impact Load စမ်းသပ်မှုကြောင့်ထွက်လာသော စွမ်းအင်အားတိုင်းတာရာတွင် Joules (J) ကိုအသုံးပြုပြီး အနည်းဆုံး 27J ရှိရပါမယ်။ စတီးအမျိုးအစားလိုက်၍ JR-BS EN 10025-2 ဟာ အခန်းတွင်းအပူချိန် 20C နဲ့ J0-BS EN 10025-2 ဟာ အပူချိန် 0C နဲ့ J2-BS 10025-2 မှာတော့ အပူချိန် -20C အစရှိသဖြင့်ခွဲခြားထားပါတယ်။

Mill Certificate
စတီးစက်ရုံမှထုတ်လုပ်ရာတွင် Mill Certificate လို့ခေါ်တဲ့ စာရွတ်တွင် စတီးစက်ရုံရဲ့အမည်နဲ့နိုင်ငံ၊ စတီးရဲ့အဆင့်အရည်သွေး၊ Heat Number လို့ခေါ်တဲ့ စတီးထုတ်လုပ်မှုအမှတ်စဉ်၊Tensile, Elongation, Chemical စတဲ့အရည်အသွေးမှတ်တမ်းများပါဝင်ပြီး မိမိထံသို့ မရောက်မှီသေချာစွာစစ်ဆေးသင့်တဲ့ အဓိကအရေးကြီးတဲ့ အရာများဖြစ်ပါတယ်။ Delivery Condition အနေနဲ့ Material၊ Dimension၊ Tolerance အစရှိသဖြင့်စစ်ဆေးရပြီး Beam တွေရဲ့ Straightness ကိုစစ်ဆေးရာတွင် Section Height 180mm အောက်တွင်ရှိသောနေရာများတွင် 0.3L Tolerance ရှိပြီး Section Height 360mm အထိရှိသောနေရာများတွင် 0.15L Tolerance အထိရှိကာ Section Height 360mm အထက်ပိုသောနေရာများတွင် 0.1L Tolerance ဖြစ်ခွင့်ပေးထားပါတယ်။ နောက်ထပ် Tolerance အနေနဲ့ကတော့ Plate Flatness ဖြစ်ပြီး Plate Thickness 5mm အောက်ရှိသောနေရာများတွင် အလျား1m တွင် 9mm နဲ့ အလျား 2m တွင် 14mm Tolerance အထိရှိကာ Plate Thickness 40mm အောက်ရှိသောနေရာများတွင် အလျား 1m တွင် 6mm နဲ့ 2m တွင် 9mm Tolerance အထိရှိပါတယ်။
Material Testing အပိုင်းတွင် Standards and Specification ကိုလိုက်၍ By Lot ဒါမှမဟုတ် By Cast ရဲ့အရေအတွက်ကိုသတ်မှတ်ကြပါတယ်။ Material Storage အနေနဲ့ Member Distortion, Corrosion, Stock-keeping, Handling and Stability of Stacking တို့ကိုသေချာစွာစစ်ဆေးသင့်ပါတယ်။
NPQS လို့ခေါ်တဲ့ National Productivity and Quality Specifications မှာတော့ Common Specifications for Building Works ရှိပြီး Chapter 5-10 မှာ Structural Steelwork နဲ့ Chapter 5-20 မှာတော့ Protective Works ပြီးတော့ Project Specific Data တို့ရှိပါတယ်။
Steel Fabrication မှာတော့ စတီးကုန်ကြမ်းများ စီစဉ်ခြင်း၊ ဖြတ်တောက်တပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ ရာသီဥတုဒဏ်ဒါမှမဟုတ် Fire Protection ကာကွယ်ရန်အတွက်ဆေးသုတ်ခြင်း၊ နောက်ဆုံးအဆင့်လိုအပ်သောနေရာတွင်တပ်ဆင်ခြင်းတို့ပါဝင်ပြီး အမိုးအကာအောက်တွင် မှန်ကန်သောကိရိယာဖြင့် တပ်ဆင်ထုတ်လုပ်သင့်ပါတယ်။ Steel Erection အပိုင်းတွင်လည်း Mobile Crane ကိုအသုံးပြု၍ အစိတ်အပိုင်းတခုခြင်းစီအား ရိုးရှင်းတဲ့နည်းစနစ်ဖြင့်ရွေ့ပြောင်းသယ်ယူခြင်း၊ Strand Jack System ဖြင့် အစိတ်အပိုင်းအားလုံးအား ကြီးမားတဲ့နည်းစနစ်ဖြင့်ရွေ့ပြောင်းသယ်ယူခြင်းတို့ဖြစ်ပါတယ်။
စတီးများ Corrosion မဖြစ်စေရန်အတွက် အောက်စီဂျင် O2 နဲ့ ရေငွေ့ Moisture မဝင်ရောက်စေရန် Protective Coating လုပ်ပေးရပါတယ်။ Protective Coating လုပ်ရမယ့်စတီးမျက်နှာပြင်အားစစ်ဆေးပြီး Sand Blasting ပေးရကာ Protective Coating လုပ်ပြီးနောက် ဆေးသားမခြောက်သွေ့မှီမျက်နှာပြင်အထူ Wet Film Thickness၊ ခြောက်သွေ့မှုအချိန်ကာလ Drying Period၊ ဆေးသားခြောက်သွေ့ပြီးမျက်နှာပြင်အထူ Dry Film Thickness တို့အားမှတ်သားရပါမယ်။ Typical Non Metallic Coating System မှာတော့ Inorganic Zinc Primer Epoxy၊ Epoxy Tie Coat၊ Micaceous Iron Oxide Epoxy တို့ရှိကြပြီး Total DFT 200 Microns ခန့်ရှိရပါမယ်။

No comments:

Post a Comment