Search This Blog

Sunday, December 26, 2010

Wardrobe Installation အကြောင်းလေ့လာကြရအောင်




WardRobe Installation


Preparation works for installation of Wardrobe

အဝတ်ဗီရိုတွေမိုးရေကြောင့်ရေငွေ့ ပြန်စိုထိုင်းခြင်းမှကာကွယ်ရန် ပြတင်းပေါက်များ မှန်တပ်ဆင်ပြီးမှသာ အဝတ်ဗီရိုတပ်ဆင်ခြင်း လုပ်သင့်ပါတယ်။ ကြမ်းခင်းပြင်ဆင်မှုအပိုင်းတွင် ပထမဦးဆုံး ညီညာတဲ့အနိမ့်အမြင့်မှန်ကန်မှုရှိစေရန် စစ်ဆေးပေးရပါမယ်။အဝတ်ဗီရို အောက်ခြေနဲ့ ကြမ်းခင်းပျဉ်ပြားအကြားတွင် 3mm ထက်ပိုပြီးလစ်ဟာမရှိစေရန် အတွက်ဖြစ်ပါတယ်။ ဘေးပတ်ပတ်လည်မှနံရံများ Verticality တည့်မတ်မှုရှိရပါမယ်။ အိပ်ခန်းတခုလုံးအပြီးအစီး ပျဉ်ပြားခင်းထားသင့်ပြီး ဗီရိုအောက်ခြေရှိကြမ်းခင်းမှာ ကော်ပတ်စား အရောင်တင်ထားရပါမယ်။ ဗီရိုအနောက်ဖက်ခြမ်းတွင်ရှိသော နံရံအားဆေးသုတ်ထားရှိရပါမယ်။ အထက်ပါအချက်များ စုံလင်ပါက တပ်ဆင်မှုအပိုင်းအား စတင်လုပ်ကိုင်နိုင်ပါတယ်။



Installation of Plinth

သုံးထပ်သားပြားအောက်ခြေခုံ Plywood Plinth ရဲ့နေအထားနဲ့ နေရာပုံစံအမှန်အား အရင်ဦးဆုံးစစ်ဆေးရပါမယ်။ Plinthခုံရဲ့မျက်နှာပြင်ညီညာမှုအား ရေချိန်တိုင်း Spirit Level ဖြင့်ညှိကာ သုံးထပ်သားပြား Plywood Packer ကိုအသုံးပြုပြီး လိုအပ်သလိုရွေ့ပေးနိုင်ပါတယ်။ အဲဒီနောက် Plinthခုံ နေရာမရွေ့စေရန် သံ Finishing Nails ဖြင့် သံမှိုစွဲပေးရပါမယ်။





Installation of Carcass

ဗီရိုအကြမ်းထည် Carcass အားပေးထားသောပုံ Approved Shop Drawings အတိုင်းတပ်ဆင်ကာ Plywood Plinth အပေါ်တွင်ရှိနေရပါမယ်။






Carcass ရဲ့အောက်ခြေပိုင်းအား Plinth တွင်စွဲမြဲစေရန် Air Tacker ကိုအသုံးပြုပြီး Carcass ရဲ့အခြားအစိတ်အပိုင်းများအား Joinery Screws ဒါမှမဟုတ် Dowel Pins ဖြင့် ခိုင်ခန့်အောင်ပြုလုပ်ပေးရပါမယ်။






အဲဒီနောက်မှာ Carcass ရဲ့အနေအထားတည့်မတ်ညီညာမှု Levelness & Alignment အားနောက်ဆုံးအနေနဲ့ စစ်ဆေးပေးရပါမယ်။




အနားသတ်အပိုင်းများအား Filler ကိုအသုံးပြုကာ Silicon ဖြင့် ပိတ်ပေးရပါမယ်။ Side and Top Filler အတွက် နံရံ၊ မျက်နှာကြက် နဲ့ ဗီရိုအကြားတွင် အနည်းဆုံးနေရာလွတ် 50mm Gap ခန့်ထားပေးပြီး လိုအပ်သောအရွယ်စားနဲ့ပုံစံအတွက် ဖြတ်တောက်ထားသော Filler အား သတ်မှတ်ထားသောနေရာလွတ် Designated Gap တွင်တပ်ဆင်ပေးရပါမယ်။ Filler နဲ့နံရံကြားတွင်ရှိနေတတ်တဲ့ နေရာလွတ်အား Caulking ကိုအသုံးပြုကာ Seal ပိတ်ပေးရပါတယ်။



Installation of Drawer Compartments and Accessaries

ဗီရိုတစ်ခုတွင်ပါရှိရမယ့် အံဆွဲ Drawer Compartments, ဗီရိုအဆင့် Shelving, အဝတ်ချိတ်ရန်တန်းHanging Rods နဲ့အခြားလိုအပ်သောအစိတ်ပိုင်းများအား သတ်မှတ်ထားတဲ့ Approved Shop Drawings and Specifications အတိုင်းတပ်ဆင်ပေးပြီး Shelving အနေထားကိုသေချာစွာညှိယူကာ Shelf Studs အပေါ်တွင်ခိုင်မြဲစွာနေရာချတပ်ဆင်ရပါမယ်။ Drawer Set အားနံရံဖြင့်ဆက်စပ်မနေသော Carcass Compartments အတွင်းဒီဇိုင်းလုပ်တပ်ဆင်ခြင်းဟာအကောင်းဆုံးဖြစ်ပြီး Side Panel of Carcass ကို Support လုပ်ထားပေးနိုင်ပြီး သစ်သားမျက်နှာပြင်ကွေးကောက်ခုံးကြွခြင်း Warpage အားကာကွယ်နိုင်ပါတယ်။ အံဆွဲများအဖွင့်အပိတ်လုပ်ရာတွင် သက်တောင့်သက်သာနဲ့လွယ်လွယ်ကူကူဖြစ်နေစေရန် လိုအပ်ပါတယ်။




Installation of door panels and handles


အခန်းတွင်းရှိအခြားသော အချောသတ်လုပ်ငန်း Finishing Trades များပြီးစီးမှသာ ဗီရိုတံခါးနဲ့လက်ကိုင် Door Panels and Handles အား Approved Shop Drawing and Specification အတိုင်း Installation လုပ်သင့်ပါတယ်။ အဲဒီနောက် ဗီရိုတံခါးရဲ့ Alignment မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး အဖွင့်အပိတ် အဆင်ပြေခြင်းရှိမရှိ Smooth Operation ကိုစစ်ဆေးပေးရပါမယ်။ သေချာလုံလောက်တဲ့ လေအဝင်အထွက် Ventilation ကောင်းသောနေရာတွင် Wardrobe အားထားရှိခြင်းဖြင့် Warpage ကိုကာကွယ်နိုင်ပါတယ်။

No comments:

Post a Comment