Search This Blog

Sunday, December 12, 2010

စင်ကာပူမှ နွားအတွေ့ကြုံများ (၃)


ဟိုအရင်တုန်းကဆိုရင် HDB ကနေလာတဲ့ Clerk of Works
ဆိုရင်ဘယ်အလုပ်ရှင်ကမှ မလိုချင်ကြပါ။ အကြောင်းရင်းမှန်ပုံပြင်လေးကတော့ ဒီလိုပါ။ ဟိုအရင်ခေတ်ဦးပိုင်းက
Construction လောကတွင် Contractor တွေတန်ခိုးကြီးထွားစဉ်က Clerk of Works တွေရဲ့အခန်းဂဏ္ဍမှာ သိပ်ပြီးအရေးမပါခဲ့ပါ။ အဲဒီအချိန်ကဆို Rebar
ဟာဘယ်အချိန်မှာ Installation ဆင်ပြီး Formworks ပိတ်ကာဘယ်အချိန် Casting ကွန်ကရစ်လောင်းသွားမှန်း ကိုသူတို့ကောင်းကောင်းမသိကြပါ။ တကယ်လို့များ Clerk of Works ကဆူဆူညံညံလုပ်ခဲ့ရင် Contractor မှ Architect နှင့်ပေါင်းကာ Clerk of Works
အား အလုပ်ဖြုတ်ခြင်း၊ အဆင်မပြေနိုင်မယ့်နေရာသို့ပြောင်းရွေ့စေခြင်း တို့လုပ်လေ့ရှိပါတယ်။

ဒါကြောင့် Clerk of Works ဟာ အလုပ်ကိုစိတ်မဝင်စားတော့ဘဲ Contractor မှပေးထားသော Entertainment ဖြင့်သာ အချိန်ကုန်လွန်ကာ အလွန်အမင်းပျင်းရိသူများအဖြစ် ပြင်ပကအလုပ်ရှင်များကမြင်လာကြတယ်။ အထူးသဖြင့် အလုပ်တွက်လူတွေ့စစ်ဆေးရေးလုပ်ရာတွင် စောစောကပြောခဲ့သောနေရာမှာ လုပ်ခဲ့တယ်လို့ဖြေဆိုမိပါက Employer တော်တော်များများက အလုပ်မခန့်ခြင်ကြပါ။ နောက်ပိုင်းမှာတော့ HDB ရဲ့အတွင်းပိုင်းပြန်လည်ဖွဲ့စည်းကာ Supervision အပိုင်းအား Consultant သို့ပေးကာ Maintenance ပြုပြင်ထိန်းသိမ်းရေးနေရာတွေမှာတော့ Principal Techincal Officer, Higher Technical Officer, Senior Technical Officer, Technical Officer အဖြစ်ပြောင်းလဲ ထားရှိလာကြပါတယ်။

သက်ကြီးစကားသက်ငယ်ကြားဆိုသလို နောက်ထပ်ပုံပြင်တခုအဖြစ် ပြန်လည်ဖောက်သည်ချရမယ်ဆိုရင်တော့ ဟိုရှေးရှေးတုန်းကပေါ့ကွယ်။ Wall နဲ့ Column တွေကို Clerk of Works ကနေစစ်ဆေးပြီးသွားရင် အဲဒီနေ့ပဲချက်ခြင်း Casting ကွန်ကရစ်လောင်းရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Contractor ကလူတွေကညပိုင်းရောက်ရင် ဖြုတ်လို့လျှော့လို့ရတဲ့ သံချောင်းတွေကို ဖြုတ်ယူပြီး ခပ်တည်တည်နဲ့ နောက်တနေ့မနက်မှာ ကွန်ကရစ်လောင်းတတ်တဲ့ အကျင့်ရှိလို့ပါ။

နောက်ထပ်ပြောချင်တာတခုကတော့ Overtime အချိန်ပိုဈေးဆစ်တတ်တဲ့
နွားတွေရဲ့အကြောင်းပါ။ Contractor က Concreting ပြီးသွားပေမယ့်လဲ
Balanced Concrete လွှင့်ပြစ်ပြီးလို့ Concrete Hopper ရေဆေးတဲ့အထိ
တွယ်ကပ်ပြီး အချိန်မှတ်ခိုင်းလေ့ရှိသူများလည်း Contractor ကနေအလုပ်လုပ်ဖူးသူများ ကြုံဖူးကြမှာပါ။ အဆိုပါပုဂ္ဂိုလ်များဟာ မနက်ခင်း ဒါမှမဟုတ် နေ့လယ်ပိုင်းလောက် Inspection ခေါ်ရင် ဆူဆူညံညံလုပ်လေ့ရှိပြီး တချို့ဆိုရင်ဘာမှမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးအား ပုံကြီးချဲ့ကာ Reject လုပ်လေ့ရှိပြီး ညနေစောင်းစောင်း သဘာဝအလင်းရောင်ပျောက်လေ Inspection ကိုလွယ်လွယ်ကူကူ Accept လုပ်လေ့ရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး IES မှအခုလိုထုတ်ပြန်သတိပေးထားတာ ရှိပါတယ်။
ကောင်းတဲ့အချက်တခုကတော့ တချို့နေရာတွေမှာ Progress ကြောင့်အတင်းအကြပ်ဖိအားပေးခံနေရရင် မိမိအထက်မှ QP အားဆွေနွေးတိုင်ပင်ဖို့ ညွှန်ကြားထားပါတယ်။

ကိုယ်တွေ့ကြုံဖူးသော တချို့ Clerk of Works တွေကြပြန်တော့
တမျိုးထူးခြားနေတဲ့အတွက် ပြန်လည်ဖော်ပြပေးပါရစေ။ အသက်ခြောက်ဆယ်နားကပ်နေတဲ့ အဖိုးကြီးတချို့ကတော့ Inspection ခေါ်ရင်သွားမကြည့်တော့ ပဲရုံးခန်းကနေပဲ Inspection Form ကိုလက်မှတ်ထိုးလေ့ ရှိတတ်ပါတယ်။ သူတို့တွေပြောလေ့ရှိတဲ့စကားကတော့ နောင်လေးငါးဆယ်နှစ်လောက်မှာ အမှားယွင်းတခုခုကြောင့် Structural Failure ဖြစ်ခဲ့ရင် သူတို့လဲလူလောကရှိတော့မှာ မဟုတ်တဲ့အတွက် ဘာမှစိုးရိမ်စရာမရှိဘူးဆိုတာပါပဲ။ အဲဒီတော့ Inspection
ကိုလူကိုယ်တိုင်သွားကြည့်စရာမလိုဘဲ Contractor အားဓာတ်ပုံရိုက်ခိုင်းကာ
ဓာတ်ပုံကြည့်ပြီးတော့ သူဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။

Transparency ဖြစ်အောင် ကိုယ့်ရဲ့ Standards ကဘယ်လိုရှိတယ်ဆိုတာကို
Contractor သိအောင် မြင်အောင်ပြနိုင်ရပါမယ်။ ပထမပိုင်းတွေမှာ ကိုယ်ရဲ့
Standards ကိုလိုက်နာနိုင်အောင် နည်းနည်းတော့အပင်ပန်းခံပြီး Contractor
ကိုလေ့ကျင့်ပေးရပါမယ်။ အစပိုင်းတွင်သာ ခက်ခဲပြီးနောက်ပိုင်းမှာတော့
လွယ်လွယ်ကူကူနဲ့ ကိုယ်လိုချင်တဲ့ပုံစံပုံသွင်းယူလို့ရပေမယ့် တချို့ကြတော့
ခွေးအမြှီးကောက်ကျည်ထောက်စွတ်ဆိုသလို အမြဲတမ်းဆူပူကြိမ်းမောင်းနေမှ ရတာမျိုးလဲရှိတတ်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ Clerk of Works မြန်မြန်အသက်တိုမယ့်အနေအထားတခုပါပဲ။

တကယ်တော့ Clerk of Works ဆိုတာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာမရှိမဖြစ်အရေးပါတဲ့ Quality Assurance & Design Specification Requirement ဆိုတဲ့လိုအပ်ချက်ကို Standing Supervision အနေနဲ့ ဖြည့်ဆီးပေးနေကြသူများဖြစ်ပါတယ်။ QP ရဲ့လက်အောက်မှာ ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ သူများဆိုရင်လဲမမှားပါဘူး။


1 comment:

  1. Interesting post .. thank u for sharing your knowledge ...bro ...please keep it up :)

    ReplyDelete